တပ်မတော်မှ အာဏာရယူပြီး ၇ လအတွင်း ပါတီဝင် ၂၅၀ ကျော် လုပ်ကြံသတ်ဖြတ်ခံရဟု ပြည်ခိုင်ဖြိုးပါတီ ထုတ်ပြန်

PUBLISHED - September 4, 2021
နေပြည်တော်၊ စက်တင်ဘာ ၄ (People Media)
တပ်မတော်မှ အာဏာရယူပြီး ၇ လအတွင်း ပါတီဝင် ၂၅၀ ကျော် လုပ်ကြံသတ်ဖြတ်ခံရကြောင်း ပြည်ခိုင်ဖြိုးပါ တီမှ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါထုတ်ပြန်ချက်တွင် ၂၀၂၀ ခုနှစ်ရွေးကောက်ပွဲတွင် NLD ပါတီသည် မဲမသမာမှုကိစ္စတွင် အစိုးရဖွဲ့ခွင့် ဆုံးရှုံးပြီးနောက် ယင်းပါတီအနေဖြင့် ဥပဒေနှင့်အညီ ထမ်းဆောင်နေသည့် အစိုးရအဖွဲ့အား ဆန့်ကျင်လျက်ရှိ ကြောင်း ဖော်ပြပါရှိသည်။
ထို့အပြင် အစိုးရအားဆန့်ကျင်ရာတွင်လည်း NLD လွှတ်တော်ကိုယ်စားလှယ်လောင်းနှင့် ၎င်းတို့ဖွဲ့စည်းထား သည့် CRPH အဖွဲ့အစည်းများနှင့် အမျိုးသားညွန့်ပေါင်းအစိုးရ NUG အဖြစ်အမည်ခံကာ PDF အဖွဲ့များကို ဖွဲ့ စည်း၍ အုပ်ချုပ်ရေးယန္တရားများကို နှောင့်ယှက်ခြင်း၊ ပြိုင်ဘက်ပါတီများ၊ တပ်မတော်ထောက်ခံသူများ၊ အုပ်ချုပ် ရေးဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် ရဟန်းသံဃာများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများကို ကျူးလွန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ယင်း ပြည်ခိုင်ဖြိုးပါတီဝင်များ၊ မိသားစုဝင်များ၊ အားပေးထောက်ခံသူများ အကြမ်းဖက်သတ်ဖြတ်မှုများကြောင့် ၇ လအတွင်း အသက်ဆုံးရှုံးခဲ့ရသူစုစုပေါင်း ၂၅၃ ဦးအထိရှိခဲ့ပြီး အခြားသော နိုင်ငံရေးပါတီဝင်များ၊ နိုင်ငံ့ဝန် ထမ်းများ၊ ပြည်သူအများအပြားလည်း သတ်ဖြတ်ခံခဲ့ရသည်ဟု ဖော်ပြပါရှိသည်။
၎င်းတို့ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အကြမ်းဖက်အဖွဲ့ကိုလက်မခံကြောင်း စုပေါင်းလက်မှတ်ထိုးသည့် လှုပ်ရှားမှုကို အမေရိကန်နိုင်ငံအခြေစိုက် Change. org ဝက်ဘ်ဆိုက်တွင်ပြုလုပ်ခဲ့ပြီး လက်မှတ်ပေါင်း ၄၆၂၇၀ ရရှိချိန်တွင် ယင်းလှုပ်ရှားဖြုတ်ချခံခဲ့ရသည်ဟုဆိုသည်။ ထို့ကြောင့် အွန်လိုင်းမှ စုပေါင်းဆန္ဒပြုသည့် လှုပ်ရှားမှုပြုလုပ်နေပြီး စက်တင်ဘာ ၂ ရက်နေ့အထိ လက်မှတ်ပေါင်း ၂၄၀၀၃၂၇ ရရှိထားပြီးဟုလည်း ထုတ်ပြန်ထားသည်။
အလားတူ ပြည်ခိုင်ဖြိုးပါတီဝင်များ လုပ်ကြံသတ်ဖြတ်ခံရသည့် မှတ်တမ်းဓာတ်ပုံများ၊ သက်သေအထောက် အထားများကို ပြည်တွင်း၊ ပြည်ပသက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးအား တင်ပြသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်တွင် ဖော်ပြပါရှိသည်။
#PeopleMedia #USDP
(unicode)
……………………………………………………………………………
#PeopleMedia #USDP