“တပ်မတော်သယ်ယူပို့ဆောင်ရေး ရေယာဉ် အနည်းငယ် ထိခိုက်သွားတယ်” ဗိုလ်မှူးချုပ်ဇော်မင်းထွန်း

PUBLISHED - July 20, 2019
တပ်မတော် သယ်ယူပို့ဆောင်ရေး ရေယာဉ်နှစ်စီးကို AA အဖွဲ့မှ လက်နက်ကြီးဖြင့် တိုက်ခိုက်
………………………………………………………………………………………………..
အမ်းမြို့နယ်၌ AA အဖွဲ့များ ဝင်ရောက်လာမှုကြောင့် တပ်မတော်မှ နယ်မြေ လုံခြုံရေးဆောင်ရွက်ရန် သွားရောက်သော ရေယာဉ်ကို ဇူလိုင် ၁၉ ရက်နေ့၌ AA အဖွဲ့က လက်နက်ကြီးဖြင့် တိုက်ခိုက်ခဲ့သည်။
AA အဖွဲ့၏ လက်နက်ကြီးဖြင့် တိုက်ခိုက်မှုကြောင့် တပ်မတော်သယ်ယူပို့ဆောင်ရေး ရေယာဉ်အနည်းငယ် ထိခိုက်မှုရှိကြောင်း တပ်မတော်မှ အတည်ပြုပြောဆိုခဲ့သည်။
လက်ရှိအချိန်၌ AA အဖွဲ့သည် ထပ်မံပြီး အမ်းမြို့နယ်၌ စစ်ရေးလှုပ်ရှားရန် ဆောင် ရွက်လာကြောင်း နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့များက လူထုမီဒီယာသို့ အတည်ပြုပြောဆို သည်။