“တပ်မတော်သားတွေကို လူတွေက စစ်ခွေး စစ်ခွေးလို့ခေါ်ကြတယ်။ ဦးရဲ့သားလေး သေဆုံးသွားတာ စစ်ခွေးလို့ မခေါ်တဲ့သူတွေ အတွက်သာမက စစ်ခွေးလို့ ခေါ်တဲ့သူတွေ အတွက်ပါ အသက်ပေးသွားတာ” ဦးလေးမောင်(ဗိုလ်မှူးပြည့်ဖြိုးအောင်၏ဖခင်)
PUBLISHED - August 26, 2019
“မိသားစုအရေးထက် နိုင်ငံအရေးကို အသက်ပေးပြီး ကာကွယ်သွားတာ ဂုဏ်ယူတယ်” ဒေါ်ကြည်ညွှန့်(ဗိုလ်မှူးပြည့်ဖြိုးအောင်၏မိခင်)
မြောက်ပိုင်းမဟာမိတ်အဖွဲ့များသည် ပြင်ဦးလွင်ရှိ တပ်မတော်နည်းပညာတက္ကသိုလ် အပါအဝင် နောင်ချိုတိုးဂိတ်၊ မူးယစ်စစ်ဆေးရေးဂိတ်အပါအဝင် နောင်ချိုဂုတ်တွင်း ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ခဲ့သည်။
အလားတူ လက်ရှိအချိန်၌ ရှမ်းမြောက်ဒေသရှိ မြန်မာ-တရုတ် ကုန်သွယ်ရေးလမ်း ကြောင်းကို နည်းလမ်းအသွယ်သွယ်ဖြင့် အကြမ်းဖက်လုပ်ရပ်များ ဆက်လက်ဆောင် ရွက်လျှက်သည့်အပေါ် တပ်မတော်မှ နယ်မြေရှင်းလင်းရေးကို ဆောင်ရွက်ခဲ့သည်။
ထိုသို့ တပ်မတော်မှနယ်မြေရှင်းလင်းရေး ဆောင်ရွက်နေစဉ် ဗိုလ်မှူးပြည်ဖြိုးအောင် သည် တိုင်းပြည်တာဝန်များကို ထမ်းဆောင်ရင်း သြဂုတ်လ (၁၇)ရက်၌ နမ့်ဖက်ကာ၌ ကျဆုံးခဲ့သည်။
တိုင်းပြည်တာဝန်ထမ်းဆောင်ရင်းကျဆုံးခဲ့သည့် သားတစ်ယောက်အတွက် မိခင်နှင့် ဖခင်တို့ရင် ရင်တွင်းစကားများကို People Media မှ ဟင်္သာတမြို့ရှိ ဗိုလ်မှူးပြည့်ဖြိုး အောင်၏ မိခင်နှင့်ဖခင်ထံ သွားရောက်တွေ့ဆုံမေးမြန်းခဲ့သည်။
https://www.facebook.com/1120229281493723/videos/692842757858524/