တပ်မတော်ထောက်ခံပွဲ၌ တပ်ချုပ်ဓါတ်ပုံကိုင်ဆောင်ခွင့်ကို သက်ဆိုင်ရာခွင့်မပြု

PUBLISHED - January 14, 2021
ရန်ကုန်၊ ဇန်နဝါရီ – ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
တပ်မတော်ထောက်ခံပွဲကို ယနေ့နံနက်က မန္တလေးတိုင်းဒေသကြီး၊ ပျော်ဘွယ်မြို့၌ ကျင်းပခဲ့သော်လည်း တပ်မ တော်ကာကွယ်ရေးဦးစီးချုပ်၏ ဓါတ်ပုံကိုင်ဆောင်ခွင့်ကို သက်ဆိုင်ရာအာဏာပိုင်များက ခွင့်မပြုခဲ့ကြောင်း ထောက်ခံပွဲဦးဆောင်သူအချို့က ပြောပါတယ်။
တပ်မတော်ထောက်ခံဆန္ဒပြသူများက မဲမသမာမှုများဖော်ထုတ်ပေးရေး၊ လိမ်ညာထားသော မဲစာရင်း ဖြေရှင်း ပေးရေး၊ ပြည်ပ ပထွေးမျှော် ဖအေတော်ချင်သူများအလိုမရှိ စသည်ဖြင့် ကြွေးကြော်ခဲ့ကြပါတယ်။
ပြီးခဲ့သည့်လပိုင်းက တပ်မတော်ထောက်ခံပွဲကို ရန်ကုန်မြို့၌ ကျင်းပရာ၌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဓါတ်ပုံကို တပ်မတော်ထောက်ခံသူများက ကိုင်ဆောင်ခွင့်ရရှိခဲ့ပါတယ်။
တပ်မတော်သည် ၂၀၂၀ ရွေးကောက်ပွဲ၌ မြို့နယ် ၂၂၈ မြို့နယ်၏ မဲမသမာမှုဖြစ်စေနိုင်သည့်မဲစာရင်းကို ထုတ် ပြန်ရာ ၅၈ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပါတယ်။
Photo – competitor
#PeopleMedia #တပ်မတော်ထောက်ခံပွဲ
(unicode)
……………………………………..
Photo – competitor