တပ္မေတာ္ေနာက္ခံ႐ွိသည္ဟုဆိုသည့္ ျမန္မာႏိုင္ငံမွ ေဖ့စ္ဘြတ္ေပ့ဂ်္မ်ား၊ အေကာင့္မ်ားႏွင့္ အင္စတာဂရမ္ အေကာင့္မ်ားကို ပိတ္သိမ္း
PUBLISHED - October 10, 2020
ဆန္ဖရန္စစၥကို၊ ေအာက္တိုဘာ ၁၀
ျမန္မာႏိုင္ငံမွျပည္တြင္းပရိသတ္ကိုဦးတည္ၿပီး အုပ္စုဖြဲ႔ပူးေပါင္းအေယာင္ေဆာင္မႈဆန္႔က်င္သည့္ မူ၀ါဒခ်ိဳး ေဖာက္ၿပီး တပ္မေတာ္ေနာက္ခံ႐ွိေပးေနသည္ဟုဆိုသည့္ ေဖ့စ္ဘြတ္ေပ့ဂ်္မ်ား၊ အေကာင့္မ်ားႏွင့္ အင္္စတာဂရမ္အေကာင့္မ်ားကို ပိတ္သိမ္းလိုက္သည္ဟု ေဖ့စ္ဘြတ္ကုမၸဏီကေၾကညာသည္။
ေဖ့စ္ဘြတ္အေကာင့္ ၅၀၊ ေပ့ဂ်္ ၁၇ ခုႏွင့္ အင္စတာဂရမ္အေကာင့္ ၆ ေကာင့္တို႔ကို ဖ်က္သိမ္းခဲ့ျခင္းျဖစ္သည္။
ေပ့ဂ်္မ်ားသည္ ေဒၚလာ ၁၈၅၀ သံုးၿပီး ေၾကာ္ျငာမ်ားျပဳလုပ္ထားသည္။
အေယာင္ေဆာင္၊ ပြားမ်ားထားသည့္အေကာင့္မ်ားႏွင့္ အေကာင့္အစစ္မ်ားပူးေပါင္းထားျခင္းအေပၚအေျခခံ သည့္ ခ်ိတ္ဆက္လႈပ္႐ွားမႈမ်ားကို ေဖာ္ထုတ္ႏိုင္ခဲ့ေၾကာင္း ေဖ့စ္ဘြတ္ကေျပာသည္။
ထိုကြန္ရက္ေနာက္ကြယ္မွလူမ်ားသည္ စစ္ေရးလႈပ္႐ွားမႈမ်ား၊ ျပည္ေထာင္စုႀကံခိုင္ေရးႏွင့္ဖြံ႔ၿဖိဳးေရးပါတီ၊ ျပည္တြင္း COVID-19 တံု႔ျပန္မႈမ်ား၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ပါတီႏွင့္ ေဒၚေအာင္ဆန္းစုၾကည္ကို ေ၀ဖန္မႈမ်ားသာမက ဘဂၤါလီ(မူရင္းတြင္႐ိုဟင္ဂ်ာ) ဆန္႔က်င္သည့္အေၾကာင္းအရာမ်ားအပါအ၀င္ ျပည္တြင္းသတင္းႏွင့္လက္႐ွိအခမ္းအနားမ်ားအေၾကာင္း ေဖာ္ျပေနသည္ဟုလည္း ႐ွင္းလင္းသည္။
ျမန္မာႏုိင္ငံမွေ႐ြးေကာက္ပြဲအႀကိဳကာလတြင္ ႀကိဳတင္ျပင္ဆင္မႈတစိတ္တပိုင္းအေနျဖင့္ ထိုလႈပ္႐ွား မႈမွအခ်ိဳ႕ေသာအစိတ္အပိုင္းမ်ားအေၾကာင္း ျပည္တြင္းမွရီပို႔မ်ားကိုသံုးသပ္ၿပီးေနာက္ စံုစမ္းစစ္ေဆးမႈ စတင္ခဲ့ေၾကာင္း ေဖ့စ္ဘြတ္ကေျပာသည္။
ထိုလႈပ္႐ွားမႈေနာက္ကြယ္မွလူမ်ားသည္ သူတို႔၏အေထာက္အထားမ်ားကိုကြယ္၀ွက္ရန္ႀကိဳးစားေသာ္လည္း ထိုလူမ်ားသည္ တပ္မေတာ္သားမ်ားႏွင့္ဆက္စပ္မႈ႐ွိေနေၾကာင္း စံုစမ္းေဖာ္ထုတ္ရ႐ွိသည္ဟု ေဖ့စ္ဘြတ္က ေျပာသည္။
ႏို၀င္ဘာတြင္ေ႐ြးေကာက္ပြဲမ်ားက်င္းပရန္႐ွိသည့္ေဖ့စ္ဘြတ္ကုမၸဏီအေျခစိုက္ရာအေမရိကန္ႏွင့္ ျမန္မာ ႏိုင္ငံတို႔တြင္ ေ႐ြးေကာက္ပြဲအႀကိဳကာလ၌ ေဖ့စ္ဘြတ္က ႀကိဳတင္ကာကြယ္သည့္ လုပ္ေဆာင္မႈမ်ားျပဳလုပ္ၿပီး ေ႐ြးေကာက္ပြဲေနာက္ပိုင္းကာလအျငင္းပြားမႈမ်ားတြင္ ပါ၀င္ရျခင္းမ႐ွိေစရန္ ႀကိဳးပမ္းေနသည္။
ျမန္မာႏိုင္ငံတြင္ ၂၀၁၆ ႏွင့္ ၂၀၁၇ ဘဂၤါလီအေရးမ်ားေနာက္ပိုင္း တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၊ ထင္႐ွား သည့္အတိုက္အခံႏိုင္ငံေရးသမားအခ်ိဳ႕ႏွင့္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႔အခ်ိဳ႕၏ေဖ့စ္ဘြတ္ေပ့ဂ်္မ်ားကို ပိတ္သိမ္းမႈမ်ားျပဳလုပ္ခဲ့သည္။
#Peoplemedia
(Unicode)
တပ်မတော်နောက်ခံရှိသည်ဟုဆိုသည့် မြန်မာနိုင်ငံမှ ဖေ့စ်ဘွတ်ပေ့ဂျ်များ၊ အကောင့်များနှင့် အင်စတာဂရမ် အကောင့်များကို ပိတ်သိမ်း
…………………………………………………
ဆန်ဖရန်စစ္စကို၊ အောက်တိုဘာ ၁၀
မြန်မာနိုင်ငံမှပြည်တွင်းပရိသတ်ကိုဦးတည်ပြီး အုပ်စုဖွဲ့ပူးပေါင်းအယောင်ဆောင်မှုဆန့်ကျင်သည့် မူဝါဒချိုး ဖောက်ပြီး တပ်မတော်နောက်ခံရှိပေးနေသည်ဟုဆိုသည့် ဖေ့စ်ဘွတ်ပေ့ဂျ်များ၊ အကောင့်များနှင့် အင််စတာဂရမ်အကောင့်များကို ပိတ်သိမ်းလိုက်သည်ဟု ဖေ့စ်ဘွတ်ကုမ္ပဏီကကြေညာသည်။
ဖေ့စ်ဘွတ်အကောင့် ၅၀၊ ပေ့ဂျ် ၁၇ ခုနှင့် အင်စတာဂရမ်အကောင့် ၆ ကောင့်တို့ကို ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။
ပေ့ဂျ်များသည် ဒေါ်လာ ၁၈၅၀ သုံးပြီး ကြော်ငြာများပြုလုပ်ထားသည်။
အယောင်ဆောင်၊ ပွားများထားသည့်အကောင့်များနှင့် အကောင့်အစစ်များပူးပေါင်းထားခြင်းအပေါ်အခြေခံ သည့် ချိတ်ဆက်လှုပ်ရှားမှုများကို ဖော်ထုတ်နိုင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ကပြောသည်။
ထိုကွန်ရက်နောက်ကွယ်မှလူများသည် စစ်ရေးလှုပ်ရှားမှုများ၊ ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ပြည်တွင်း COVID-19 တုံ့ပြန်မှုများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်မှုများသာမက ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာ) ဆန့်ကျင်သည့်အကြောင်းအရာများအပါအဝင် ပြည်တွင်းသတင်းနှင့်လက်ရှိအခမ်းအနားများအကြောင်း ဖော်ပြနေသည်ဟုလည်း ရှင်းလင်းသည်။
မြန်မာနိုင်ငံမှရွေးကောက်ပွဲအကြိုကာလတွင် ကြိုတင်ပြင်ဆင်မှုတစိတ်တပိုင်းအနေဖြင့် ထိုလှုပ်ရှား မှုမှအချို့သောအစိတ်အပိုင်းများအကြောင်း ပြည်တွင်းမှရီပို့များကိုသုံးသပ်ပြီးနောက် စုံစမ်းစစ်ဆေးမှု စတင်ခဲ့ကြောင်း ဖေ့စ်ဘွတ်ကပြောသည်။
ထိုလှုပ်ရှားမှုနောက်ကွယ်မှလူများသည် သူတို့၏အထောက်အထားများကိုကွယ်ဝှက်ရန်ကြိုးစားသော်လည်း ထိုလူများသည် တပ်မတော်သားများနှင့်ဆက်စပ်မှုရှိနေကြောင်း စုံစမ်းဖော်ထုတ်ရရှိသည်ဟု ဖေ့စ်ဘွတ်က ပြောသည်။
နိုဝင်ဘာတွင်ရွေးကောက်ပွဲများကျင်းပရန်ရှိသည့်ဖေ့စ်ဘွတ်ကုမ္ပဏီအခြေစိုက်ရာအမေရိကန်နှင့် မြန်မာ နိုင်ငံတို့တွင် ရွေးကောက်ပွဲအကြိုကာလ၌ ဖေ့စ်ဘွတ်က ကြိုတင်ကာကွယ်သည့် လုပ်ဆောင်မှုများပြုလုပ်ပြီး ရွေးကောက်ပွဲနောက်ပိုင်းကာလအငြင်းပွားမှုများတွင် ပါဝင်ရခြင်းမရှိစေရန် ကြိုးပမ်းနေသည်။
မြန်မာနိုင်ငံတွင် ၂၀၁၆ နှင့် ၂၀၁၇ ဘင်္ဂါလီအရေးများနောက်ပိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ထင်ရှား သည့်အတိုက်အခံနိုင်ငံရေးသမားအချို့နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့၏ဖေ့စ်ဘွတ်ပေ့ဂျ်များကို ပိတ်သိမ်းမှုများပြုလုပ်ခဲ့သည်။
#Peoplemedia