တပ်မတော်နေ့အခမ်းအနားတွင် ပြည်တွင်းထုတ် ဂျက်လေယာဉ်ကို အီရန် ထုတ်ဖော်ပြသ

PUBLISHED - April 19, 2019
ဧပြီ ၁၈ ရက်က ပြုလုပ်ခဲ့သည့် တပ်မတော်နေ့အခမ်းအနားတွင် အီရန်အစိုးရသည် ပြည်တွင်းထုတ် ဂျက်လေယာဉ်ဖြစ်သည့် Kowsar ကို ထုတ်ဖော်ပြသခဲ့သည်။
နျူကလီးယားလက်နက်စမ်းသပ်မူကြောင့် အမေရိကန်၏ ပိတ်ဆို့အရေးယူခြင်းခံရသည့် အီရန်သည် တပ်မတော်အခမ်းအနားတွင် ရုရှားနိုင်ငံထုတ် ဒုံးလက်နက်များနှင့် ရေငုပ် သင်္ဘောများ၊ အခြားစစ်လက်နက်ပစ္စည်းများကို ပြသခဲ့သည်။
အီရန်လေတပ်သည် ပြည်တွင်းထုတ် ဂျက်လေယာဉ်များအပြင် အမေရိကန်ထုတ် F -4 ၊ F -5 ၊ F -14 တိုက် လေယာဉ်များ၊ ရုရှားထုတ် Sukhoi တိုက်လေယာဉ်အမျိုးအစားများ ကိုလည်း ပိုင်ဆိုင်ထားသည်။
တပ်မတော်နေ့အခမ်းအနားတွင် အီရန်သမ္မတ Hassan Rouhani က မိမိတို့၏ စစ် လက်နက်များသည် ဒေသ တွင်း တည်ငြိမ်အေးချမ်းမူကို ခြိမ်းခြောက်နေခြင်း မပာုတ်ကြောင်း၊ ကျူးကျော်လာမည့်ရန်ကို ကာကွယ်ရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
https://www.facebook.com/303185163868226/videos/407520140031460/