တပ်မတော်(ရေ)၏ စစ်ရေယာဉ်(ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ Visakhapatnam မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) သို့ တက်ရောက်ရန်ထွက်ခွာ

PUBLISHED - February 22, 2022
နေပြည်တော်၊ ဖေဖော်ဝါရီ ၂၂ (People Media)
တပ်မတော်(ရေ)၏ စစ်ရေယာဉ်(ဆင်ဖြူရှင်) အိန္ဒိယနိုင်ငံ Visakhapatnam မြို့တွင် ကျင်းပပြုလုပ်မည့် ဒေသ တွင်းရေတပ်များတွေ့ဆုံပွဲ(MILAN-2022) သို့ တက်ရောက်ရန် ယမန်နေ့ ညနေ့ပိုင်းတွင် ရန်ကုန်မြို့၊ အမှတ် (၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)မှ ထွက်ခွာရာသွားပြီဖြစ်ကြောင်း သိရသည်။
စစ်ရေယာဉ်(ဆင်ဖြူရှင်)အား တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော် ကျော်ထူး ဦးဆောင်၍ လိုက်ပါသွားကြောင်း သိရသည်။
ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) ကို အိန္ဒိယနိုင်ငံ Visakha-patnam မြို့တွင် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ဩစတြေးလျ၊ အမေရိကန်၊ ဗြိတိန်၊ တောင်ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆေးရှဲလ် စုစုပေါင်း (၁၆) နိုင်ငံမှ စစ်ရေယာဉ် ၂၄ စီး တက်ရောက်မည်ဖြစ်ကြောင်း သိရ သည်။
#PeopleMedia
(unicode)
……………………………………………………………………
#PeopleMedia