
PUBLISHED - July 8, 2020
ရန်ကုန်၊ ဇူလိုင် – ၇
Photo – Tun Myint
#PeopleMedia #ကိုကိုးကျွန်း #USDP #NLD #2020election
[Unicode]
တပ်မတော်(ရေ) အခြေစိုက်သည့် ကိုကိုးကျွန်းမြို့နယ်၌ NLD ပါတီမြို့နယ်ရုံး (၂)လအတွင်း အပြီးတည်ဆောက်မည်
………………………………………………………………………………..
ရန်ကုန်၊ ဇူလိုင် – ၇
ရန်ကုန်တိုင်းဒေသကြီး၊ကိုကိုးကျွန်းမြို့နယ်၌ NLD ပါတီမှ မြို့နယ်ရုံးကို (၂)လအတွင်း အပြီးတည်ဆောက်ရန် ပြင်ဆင်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီးNLDပါတီ တိုင်းအတွင်းရေးမှူး ဦးထွန်းမြင့် ပြောပါတယ်။
ကိုကိုးကျွန်းမြို့နယ်၌ NLD ပါတီရုံးဆောက်လုပ်ရန် မြေ အနံ(၃၀)ပေ၊အလျား(၉၀)ပေကို ဝယ်ယူထားပြီးဖြစ်ပြီး အဆောက်အဦးဆောက်လုပ်ရန် လိုအပ်သည့် ပစ္စည်းများ ပို့ဆောင်ထားပြီးဖြစ်ကြောင်း ဦးထွန်းမြင့် ဆိုပါတယ်။
ကိုကိုးကျွန်းမြို့နယ်သည် တပ်မတော်(ရေ)အခြေစိုက်သည့် မြို့နယ်တစ်ခုဖြစ်ပြီး ပြည်ပရန် ကာကွယ်ရေးစနစ် ထားရှိသည့် နေရာတစ်ခုလည်း ဖြစ်တယ်လို့ တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးက ဆိုပါတယ်။
ကိုကိုးကျွန်းမြို့နယ်သည် ၂၀၁၀ ရွေးကောက်ပွဲနှင့်၂၀၁၅ ရွေးကောက်ပွဲ၌ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိခဲ့သည့် နယ်မြေတစ်ခုဖြစ်သည်။
Photo – Tun Myint