တပ်မတော်၏ နယ်မြေရှင်းလင်းရေးကြောင့် မုံးကိုးဒေသ၌ တပ်စွဲထားသောနေရာ ၃ ခုကို ဆုတ်ခွာရန် MNDAA ဗဟိုဌာနချူပ်ညွှန်ကြားထား

PUBLISHED - November 10, 2021
နေပြည်တော်၊ နိုဝင်ဘာ ၁၀ (People Media)
တရုတ်-မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်ခရိုင်၊ မုံးကိုဒေသ၌ အထိုင်ချလှုပ်ရှားနေသည့် MNDAA ၏ နေရာများကို တပ်မတော်က နယ်မြေရှင်းလင်းရေးဆောင်ရွက်မှုကြောင့် နယ်မြေအချို့ကို MNDAA က ဆုတ်ခွာမှုများ ပြုလုပ်ရန် စီစဉ်လျက်ရှိသည်။
ထိုကဲ့သို့ နယ်မြေစွန့်ခွာမှုနှင့်ပတ်သက်ပြီး MNDAA က မိမိတို့ဖက်မှ မုံးကိုးဒေသစစ်ရေးတင်းမာ လျော့ကျစေလို သောရည်ရွယ်ချက်ကြောင့် MNDAA ဗဟိုဌာနချူပ်မှ မုံးကိုးဒေသရှိ တပ်ခွဲ ၃ ခုအား ဆုတ်ခွာရန် MNDAA ဗဟိုဌာချုပ်မှ ကြေငြာထားကြောင်း The Kokang သတင်းဌာမှ ယနေ့ ရေးသားထားသည်။
မုံးကိုးဒေသရှိ(1、98°20’16.73"24°05’04.60”;2、98°20’51.78"24°04’58.78";3、98°20′ 38.01"24°04’57.09")အထက်ပါ နေရာ၃ခုရှိ တပ်ခွဲများအား ဆုတ်ခွာရန် အမိန့်ပေးခဲ့သည့်အပြင် မုံးကိုးမှ ပန်ဆိုင်းတံတားကြားရှိ စနိုက်ပါတပ်သား ချုံခိုပွိုင့် ၂ နေရာကိုလည်း ဆုတ်ခွာရန်ညွန်ကြားထားကြောင်း သိရ သည်။
မိမိတို့သည် အကြမ်းဖက်စစ်ကောင်စီအား ရောဂါကာကွယ်ရေး၊ ပြည်သူလူထုလူမှုစီးပွား အဆင်ပြေရေး၊ ငြိမ်းချမ်းစွာဆွေးနွေးညှိနှိုင်းရေး၊ ၂ ဖက်သွေးထွက်သံယိုဖြစ်မှုလျော့ကျစေရေး၊ သမိုင်းပေးတာဝန်ကို သိ တတ်ရေး၊ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသော ပဋိပက္ခများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းပြီး နိုင်ငံတော်အား စစ်မှန်သောဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရောက်ရှိစေရန်တိုက်တွန်းနှိုးဆော်ထားကြောင်း အထက်ပါသတင်းစာမျက်နှာမှ ရေးသားထားသည်။
Photo – credit
#PeopleMedia #MNDAA
(unicode)
………………………………………………………………….
Photo – credit
#PeopleMedia #MNDAA