တပ်မတော်၏ လုပ်ရပ်ကြောင့် ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံရနိုင်ဟုဆို
PUBLISHED - September 18, 2019
တပ်မတော်က ဘင်္ဂါလီနဲ့ တခြားလူမျိုးစုတွေအပေါ် တိုက်ခိုက်မှုတွေကြောင့် မြန်မာလူ ထုခေါင်းဆောင်၊ နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာ လူအခွင့် အရေးချိုးဖောက်တဲ့ ရာဇ၀တ်မှုတွေနဲ့ တရားစွဲဆိုခံရနိုင်တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူများက စက်တင်ဘာ ၁၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
ကုလလူအခွင့်အရေးဆိုင်ရာ စုံစမ်းစစ်ဆေးရေးအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ The Independent International Fact-Finding Mission on Myanmar က စက်တင်ဘာ ၁၇ ရက်နေ့မှာ တင်ပြခဲ့တဲ့ အစီရင်ခံစာမှာ မြန်မာနိုင်ငံမှာရှိနေတဲ့ ဘင်္ဂါလီဒုက္ခသည် ၆ သိန်း ၆ သောင်းဟာ စနစ်တကျ နှိပ်စက်ညင်းပန်းမှုခံ နေ ရတယ်လို့ ဖော်ပြခဲ့ပါတယ်။
ကုလလူအခွင့်အရေးဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ ဖော်ပြချက်ကို The New York Times သတင်းမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
Ref; The New York Times