• Follow Us on
Latest News

Home တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်ချုပ်ပြောကြား

တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်ချုပ်ပြောကြား

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၂၅ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

တပ်မတော်(ကြည်း၊ ရေ၊ လေ) Military Power ကို တစ်ပြိုင်တည်းစွမ်းအားမြှင့်တင်ဆောင်ရွက်နေကြောင်း တပ်မတော်ကာကွယ်ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်သည်။

(၇၃)နှစ်မြောက်တပ်မတော်(ရေ)နေ့အထိမ်းအမှတ် တိုက်ခိုက်ရေးရေငုပ်သင်္ဘော စစ်ရေယာဉ် (မင်းရဲသိင်္ခသူ) အပါအဝင် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ဂုဏ်ပြုအမှာစကားပြောကြားရာတွင် အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံစွမ်းအား (National Power) တည်ဆောက်ရာမှာ စစ်ရေးစွမ်းအား (Military Power) တည်ဆောက်ခြင်းဟာ အဓိကအရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေပါတယ်။ ၂၁ ရာစု ခေတ်သစ်စစ်ပွဲတွေရဲ့ သဘောတရားအရ ရေတပ်ဖွဲ့တစ်ဖွဲ့တည်းနဲ့ စစ်ဆင်ဆောင်ရွက်ခြင်းထက် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့များ ပူးပေါင်းစစ်ဆင်ခြင်းအားဖြင့် ရည်မှန်းချက်အပေါ် ထိရောက်အောင်မြင်မှုရှိတယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း ကျွန်တော်တို့ တပ်မတော်မှာ ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ကို ထိရောက်စွာ ပူးပေါင်းစစ်ဆင်နိုင်စွမ်းရှိအောင် ရည်မှန်းပြီးတော့မှ တစ်ပြိုင်တည်း စွမ်းအားမြှင့်တင်ဆောင်ရွက် ပေးခဲ့ပါတယ်” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။

(၇၃)နှစ်မြောက် တပ်မတော်(ရေ)နေ့ အထိမ်းအမှတ်အခမ်းအနားတွင် မြန်မာနိုင်ငံ၏ပထမဦးဆုံးရေငုပ်သေ င်္ဘာ မင်းရဲသိင်္ခသူကိုလည်း တပ်တော်ဝင်ခဲ့သလို (၆၃)မီတာ ရေငုပ်သဘောတိုက်ဖျက်ရေးရေယာဉ် ၂ စီး၊ (၄၉)မီတာ အမြန်သွားတိုက်ဖျက်ရေးရေယာဉ် ဒုံးပျံ(၁)စီး၊ (၅၆)မီတာ တင့်ကာတင်ကမ်းထိုးရေယာဉ်တစ်စီးနှင့် (၂၆)မီတာ တွဲဆွဲရေယာဉ်နှစ်စီးတို့ကိုလည်း တပ်တော်ဝင်ခဲ့သည်။

#PeopleMedia #တပ်မတော် #ရေငုပ်သင်္ဘော

(unicode)
………………………………………………………..






#PeopleMedia #တပျမတောျ #ရငေုပျသငျ်ဘော


Share this post