တပ်နှင့် BGF အဖွဲ့များ တားမြစ်နယ်မြေအတွင်းသို့ နယ်မြေကျော် ဝင်ရောက်လာပါက တိုက်ပွဲဖြစ်လာမယ်လို့ KNU ဒူးပလာယာခရိုင်အဖွဲ့ သတင်းထုတ်ပြန်
PUBLISHED - August 24, 2021
ဘားအံ၊ ဩဂုတ် ၂၄ (People Media)
တပ်နှင့် BGF အဖွဲ့များအနေဖြင့် တားမြစ်နယ်မြေအတွင်းသို့ နယ်မြေကျော် ဝင်ရောက်လာပါက တိုက်ပွဲ ဖြစ်လာမယ်လို့ KNU ဒူးပလာယာခရိုင် သတင်းနှင့် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားသည်။
KNU နယ်မြေအတွင်းသို့ BGF (၁၀၁၇) ဗိုလ်ဒီးဒီ ဦးဆောင်တဲ့အဖွဲ့က ကော့ကရိတ်-ကမိုင်ကုန်းဘက်၊ BGF (၁၀၂၀) ဗိုလ်ဘီလူး ဦးဆောင်တဲ့အဖွဲ့က ကျုံဒိုး-ထီးဟူသံဘက်၊ BGF(၁၀၂၃) ဗိုလ်ဒေါဒေါ ဦးဆောင်တဲ့ အဖွဲ့က ကျိုက်ဒုံ-ကွင်းကလေးဘက်ကနေ ကေအဲန်ယူ- ကော့ကရိတ်မြို့နယ်အတွင်းကို ထိုးစစ်ဆင်ရန် တပ်နှင့်အတူ ဝင်လာမည်ဖြစ်ကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
အလားတူ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) အနေဖြင့် တားမြစ်နယ်မြေကို လုံးဝ သွားလာခွင့်ပြုမည်မဟုတ်သည့်အတွက် နယ်မြေကျော်လာပါက တိုက်ပွဲများဖြစ်လာမည်ဖြစ်ကြောင်း ဒူးပလာယာခရိုင် သတင်းနှင့်ပြန်ကြားရေးအဖွဲ့ ထုတ်ပြန်ထားသည်။
လက်ရှိအချိန်၌ KNU လက်အောက်ခံ တပ်မဟာ ၇ ခုအနက် ခြောက်ခုတွင် တပ်မှ ထိုးစစ်ဆင်တိုက်ခိုက် လျက်ရှိပြီး၊ တပ်မဟာ (၆) ထိန်းချုပ်နယ်မြေတွင် စစ်တပ်မှ ဝင်ရောက်လှုပ်ရှားပြီးနောက် ဩဂုတ် ၂၂ ရက် နေ့မှစတင်ကာ တိုက်ပွဲများဖြစ်ပွားလာကြောင်း သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
#PeopleMedia #KNU #peaceful
(unicode)
………………………………………………………………
#PeopleMedia #KNU #peaceful