တပ်ချုပ်နှင့် ထိုင်းကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌတို့တွေ့ဆုံ၊ နှစ်နိုင်ငံနယ်စပ်ဒေသတည်ငြိမ် ရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးကိစ္စများဆွေးနွေး

PUBLISHED - January 17, 2024
နေပြည်တော်၊ ဇန်နဝါရီ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ထိုင်းဘုရင့်ကြည်းတပ်ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့် Army Operations Center၊ Neighboring Countries Coordination Center(NCCC)ဌာန၏ အကြီးအကဲဖြစ်သူ General Kittisak Boonprathamchai ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင် ရိပ်သာ ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံနှင့် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ခိုင်မာစေရေး ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ တပ်မ တော်နှစ်ရပ်အကြား ချစ်ကြည်ရေးခရီး စဉ်များအပြန်အလှန်သွားရောက်ခြင်း၊ ယဉ်ကျေးမှုအဖွဲ့အချင်းချင်း ထိတွေ့ဆက်ဆံ ခြင်းတို့ကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသများ၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး၊ သတင်းအချက်အလက်များ ဖလှယ်ရေးတို့တွင် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမည့် အခြေ အနေများနှင့် ပတ်သက်၍ ဆွေးနွေး ခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦးနှင့် တပ်မတော်အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်ကြည်းတပ် ဦးစီးချုပ်ရုံး၊ အကြံပေးဘုတ်အဖွဲ့ဥက္ကဋ္ဌနှင့်အတူ ထိုင်းဘုရင့်တပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းဘုရင့်ကြည်းတပ်စစ်သံမှူး Senior Colonel Thanwit Yomchinda တို့ တက်ရောက်ခဲ့ ကြသည်။
#PeopleMedia