• Follow Us on
Latest News

Home တပ်ချုပ်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့တွေ့ဆုံ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ် များဆွေးနွေး

တပ်ချုပ်နှင့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်တို့တွေ့ဆုံ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုတိုးတက်ရေး ဆိုင်ရာကိစ္စရပ် များဆွေးနွေး

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ပြီးစီးခဲ့သည့် (၂၀) ကြိမ်မြောက်အာဆီယံ လေတပ်ဦးစီး ချုပ်များ ညီလာခံ 20th AACC သို့ တက်ရောက်ခဲ့သည့် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် Air Chief Marshal Alongkorn Vannarot ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့တွင် နေပြည်တော်ရှိ ဇေယျာ သီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည် ရင်းနှီးမှုများ တိုးတက်ကောင်းမွန် လျက်ရှိမှုအခြေအနေများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိမှုအခြေအနေများ၊ မြန်မာ့တပ်မတော် (လေ)နှင့် ထိုင်းဘုရင့်လေတပ်အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မြန်မာ-ထိုင်းတပ်မတော် နှစ်ရပ်အကြား အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေး(HLC)နှင့် မြန်မာ-ထိုင်း ဒေသဆိုင်ရာနယ်ခြား ကော်မတီအစည်းအဝေး(RBC) ကို နှစ်စဉ်ဆောင်ရွက်နေမှုအခြေအနေများ၊ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးတက်ရေး ဆိုင်ရာကိစ္စရပ်များနှင့် ချစ်ကြည်ရေးခရီးစဉ်များ လည်ပတ်‌ရေးဆိုင်ရာကိစ္စရပ်များကို ခင်မင် ရင်းနှီးစွာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး ထွန်းအောင်နှင့် တပ်မတော် အရာရှိကြီးများတက်ရောက်ကြပြီး ထိုင်းဘုရင့်လေတပ်ဦးစီးချုပ်နှင့်အတူ ထိုင်း ဘုရင့်လေတပ်မှတပ်မတော်အရာရှိကြီးများ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းဘုရင့်လေတပ်စစ်သံမှူးတို့ တက် ရောက်ကြသည်။

 

#PeopleMedia


Share this post