• Follow Us on

Home တပ်ချုပ်နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ၊ တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများဆွေးနွေး

တပ်ချုပ်နှင့် ရုရှားရေတပ်ဦးစီးချုပ်တို့တွေ့ဆုံ၊ တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များ တွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများဆွေးနွေး

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၆

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ ရေတပ်ဦးစီးချုပ် Admiral Nikolai A.EVMENOV ဦးဆောင်သောကိုယ်စားလှယ် အဖွဲ့အား နိုဝင်ဘာလ ၄ ရက်တွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့ သည်။

 

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံတပ်မတော်နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်လျက်ရှိမှု အခြေအနေများ၊ တပ်မတော်(ရေ)နှစ်ရပ်အကြား ကာကွယ်ရေးဆိုင်ရာကိစ္စ ရပ်များတွင် ပူးပေါင်းဆောင်ရွက်လျက်ရှိမှုအခြေအနေများ၊ နှစ်နိုင်ငံတပ်မတော်(ရေ)မှ စစ်ရေယာဉ်များနှင့် အဆင့်မြင့်တပ်မတော်အရာရှိကြီးများ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်မှု အခြေအနေများ၊ နှစ်နိုင်ငံရေတပ်နှစ်ရပ်အကြား ပင်လယ်ရေကြောင်းလုံခြုံရေးအတွက် ပူးပေါင်းလေ့ကျင့်ခန်းများ ဆောင်ရွက် သွားမည့်အခြေအနေများ၊ မြန်မာ့တပ်မတော်အရာရှိများ ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ပညာသင်ကြားလျက်ရှိမှု အခြေအနေများ၊ တပ်မတော်နှစ်ရပ်အကြား ယဉ်ကျေးမှု အပြန်လှန်ဖလှယ်နိုင်မှုအခြေအနေများနှင့် ပူးပေါင်း ဆောင်ရွက်မှုများ ယခုထက် ပိုမိုတိုးတက်အောင် ဆောင်ရွက်သွားမည့်အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ ဖြင့် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး မိုးအောင်နှင့် တပ်မတော်အရာရှိကြီး များတက်ရောက်ကြပြီး ရုရှားဖက်ဒရေးရှင်းနိုင်ငံရေတပ်ဦးစီးချုပ်နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာရုရှားသံအမတ်ကြီး H.E.Mr. Iskandar Azizov၊ ရုရှားရေတပ်မှ တပ်မတော် အရာရှိကြီး များနှင့် မြန်မာနိုင်ငံဆိုင်ရာရုရှားစစ်သံမှူးတို့ တက်ရောက်ကြသည်။

 

#PeopleMedia


Share this post