တပ်ထဲဝင်ရောက်တာဝန်ထမ်းဆောင်ဖို့ အမေရိကန်တပ်မတော်မိသားစုဝင်တွေရဲ့ ထောက်ခံမှုကျဆင်း
PUBLISHED - March 25, 2024
နိုင်ငံတကာ၊ မတ် ၂၅
ကျန်းမာရေးစောက်ရှောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ်တွေ တိုးပွားနေတဲ့ကြားက အမေရိကန်တပ်မတော် အတွင်း မိသားစုသုံးစုမှာ မိသားစုတစ်စုကသာ တပ်ထဲဝင်ဖို့ ထောက်ခံကြောင်း ဆန်းစစ်လေ့လာမှုတစ်ရပ်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။
စစ်တပ်ထဲကဘဝကို ထောက်ခံချက်ပေးဖို့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ တပ်မိသားစုတွေကို အသေးစိတ် လေ့လာရာမှာ မိသားစု ၇,၄၀၀ ကျော်ကို ဆန်းစစ်လေ့လာခဲ့ကြောင်း ၂၀၀၉ ခုနှစ်မှာ တပ်မတော်သားခင်ပွန်း/ ဇနီးမယားတွေက တည်ထောင်ခဲ့တဲ့ ကြယ်ပြာလေးမိသားစုများ (Blue Star Families) ခေါ် အကျိုးအမြတ်မယူ တဲ့ NGO အဖွဲ့တစ်ဖွဲ့က ပြောပါတယ်။
မေးမြန်းခဲ့တဲ့ ၃၂ ရာခိုင်နှုန်းကသာ ထောက်ခံခဲ့ပြီး ၂၀၁၆ ခုနှစ်တုန်းက အားတက်သရောထောက်ခံခဲ့တဲ့ ၅၅ ရာ ခိုင်နှုန်းရဲ့ထောက်ခံမှုဟာ သိသိသာသာ ကျဆင်းသွားတယ်လို့ဆိုပါတယ်။
စစ်သားမိန်းမတွေအတွက် အလုပ်အကိုင်တစ်ခု ရရှိဖို့ ခက်ခဲတာကြောင့် အခုလို ထောက်ခံမှုကျဆင်းသွားခဲ့ရ တာဖြစ်ကြောင်း မေးမြန်းသူထဲက တစ်ဝက်နီးပါးလောက်က ပြောပါတယ်။
လက်ရှိ စစ်သားမိန်းမတွေ အလုပ်လက်မဲ့မှုနှုန်းထားဟာ တစ်နိုင်ငံလုံး ပျှမ်းမျှအလုပ်လက်မဲ့နှုန်းထားထက် ၆ ဆ မြင့်မားနေတယ်လို့ ဆိုပါတယ်။
စစ်မှုထမ်းဆောင်ဖို့ အားမပေးဘူးလို့ ဖြေဆိုခဲ့တဲ့သူတွေထဲက ၃၇ ရာခိုင်နှုန်းက လစာနှုန်းထားပိုမိုတိုးမြှင့်ပေး သင့်တယ်လို့ ပြောသလို ၃၈ ရာခိုင်နှုန်းကတော့ မိသားစုနဲ့ ခွဲနေရတာကို စိုးရိမ်ပူပန်မိတယ်လို့ ဖြေကြားခဲ့ပါ တယ်။
အိမ်ရာကိစ္စနဲ့ သားသမီးပညာရေးကိစ္စတွေ စိုးရိမ်ပူပန်နေရတာကလည်း တပ်မတော်ထဲဝင်ဖို့ မထောက်ခံတဲ့ အကြောင်းရင်း ငါးခုထဲ မှာ ပါဝင်တယ်လို့ ဆိုပါတယ်။
စိတ်ကျန်းမာရေးပြုစုစောင့်ရှောက်မှုရရှိဖို့ ကြိုးပမ်းခဲ့ပေမဲ့ ကျန်းမာရေးစောင့်ရှောက်မှုမရခဲ့ဘူးလို့လည်း ပြန်လည် ဖြေကြားခဲ့သူတွေရှိနေတာကို ဆန်းစစ်လေ့လာမှုမှာ မှတ်တမ်းတင်ထားပါတယ်။
စားနပ်ရိက္ခာ လုံလုံလောက်လောက် မရရှိဘူးလို့လည်း လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းမိသားစု ၆ စုမှာ တစ်စုက ပြောပါတယ်။
“စစ်သားမိန်းမတွေ အလုပ်အကိုင်မရရှိခြင်း၊ ကလေးသူငယ်စောင့်ရှောက်မှုကင်းမဲ့ခြင်း၊ အိမ်ရာငှားရမ်းခပေးနေ ရခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှု အကန့်အသတ်တွေရှိနေခြင်းတို့လို တောက်လျှောက်ကြုံတွေ့နေရတဲ့ ဘဝ အရည်အသွေး ပြဿနာတွေက တပ်မတော်မိသားစုဝင်တွေရဲ့ တပ်မတော်မှာဆက်လက်တာဝန်ထမ်းဆောင် လိုတဲ့ စိတ်ဓာတ်ကို ထိခိုက်စေပါတယ်။” လို့ Blue Star Families အဖွဲ့ရဲ့ အကြီးတန်းညွှန်ကြားရေးမှူး ဂျက်ဆီ ကာစထရောင်းက ပြောပါတယ်။
အမေရိကန်တပ်မတော် တပ်သားသစ်စုဆောင်းရေးပြဿနာနဲ့ ကြိုးစားရုန်းကန်နေစဉ်အတွင်း အခုဆန်းစစ်လေ့ လာမှုရလဒ်တွေ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
၂၀၂၄ ခုနှစ်အတွက် ကမ္ဘာပေါ်မှာအင်အားအကောင်းဆုံးတပ်မတော်အဖြစ် သတ်မှတ်ခံရတဲ့ အမေရိကန်တပ်မ တော်ဟာ လွန်ခဲ့တဲ့နှစ်နှစ်အတွင်း တပ်သားသစ်စုဆောင်းရေး ပြည့်မီအောင် မဆောင်ရွက်နိုင်ခဲ့ဘဲ အခုနှစ်အ တွင်း စစ်သည်အင်အား ၁,၂၈၄,၅၀၀ နဲ့ နှစ်ပေါင်း ၈၀ ကျော်ကာလအတွင်း စစ်သည်အင်အား အနည်းဆုံး တပ်မတော်ဖြစ်ခဲ့ပါတယ်။
တပ်မတော်ထဲက မိသားစုတွေဟာ “အမျိုးသားစစ်မှုထမ်းပြဿနာကို ဖြေရှင်းဖို့အတွက် ထုတ်မသုံးရသေးတဲ့ အရေးအကြီးဆုံးသော အရည်အသွေးတွေဖြစ်တယ်လို့” လို့ ယုံကြည်တဲ့အတွက် ၎င်းတို့ရဲ့ စိုးရိမ်ပူပန်မှုတွေကို ဦးစားပေးဖြေရှင်းပေးရမှာဖြစ်ကြောင်း ဂျက်ဆီကာစထရောင်းက ပြောပါတယ်။
တပ်မတော်ဟာ လမ်းမှားအတိုင်းလျှောက်လှမ်းနေကြောင်းကိုလည်း ဆန်းစစ်လေ့လာမှုတွေ့ရှိချက်တွေကို အ ခြေခံပြီး စထရောင်းက သတိပေးပြောကြားလိုက်ပါတယ်။
Ref: US Military Families Less Likely to Recommend Service amid Treatment Woes: Poll
#PeopleMedia