တပ်မတော်ကိုစွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း တပ်ချုပ်ပြောဆို
PUBLISHED - August 12, 2023
နေပြည်တော်၊ သြဂုတ် ၁၂
တပ်မတော်ကို စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်ဖြစ်စေရေး မိမိတို့အနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်က ပြောဆိုသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့နံနက်ပိုင်းတွင် အနောက် တောင်တိုင်း စစ်ဌာနချုပ်၊ ပုသိမ်တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တိုင်းစစ်ဌာနချုပ် ဧရာဝတီ ခန်းမ၌ တွေ့ဆုံစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်၏ အဓိကတာဝန်သည် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို ထိပါးလာသည့် အန္တရာယ်များကို ကာကွယ်စောင့်ရှောက်ရန်နှင့် နိုင်ငံနှင့် နိုင်ငံသားတို့၏ အမျိုးသားအကျိုး စီးပွားကို ကာကွယ်စောင့်ရှောက်ရန်ဖြစ်ကြောင်း၊ နိုင်ငံတကာရှိ တပ်မတော်တိုင်းသည် ပြည်ပ အန္တရာယ်၊ ရန်စွယ်များကို ကာကွယ်ရန်ဖြစ်ပြီး ရဲတပ်ဖွဲ့သည် ပြည်တွင်းလက်နက်ကိုင် အကြမ်း ဖက်မှုများ၊ ပဋိပက္ခများကို ကိုင်တွယ်ဖြေရှင်းရသည်ဖြစ်သော်လည်း မိမိတို့ နိုင်ငံ၏ သမိုင်းကြောင်းအခြေအနေများအရ တပ်မတော်မှ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့်အတူ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခဖြေရှင်းရေးနှင့် ပြည်သူတို့၏ အသက် အိုးအိမ်စည်းစိမ် လုံခြုံရေးတွင် အတူတကွ ပူးပေါင်း၍ တာဝန်ထမ်းဆောင်နေရခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“တပ်မတော်ကို စွမ်းရည်စွမ်းအားရှိတဲ့ တပ်မတော်ဖြစ်စေဖို့ မိမိတို့အနေနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်၊ တပ်မတော်ရဲ့ စွမ်းပကားမြှင့်တင်ဖို့တွက် စစ်သည်တစ်ဦးချင်းရဲ့ စွမ်းရည်မြင့်မားစေရေး လေ့ကျင့်ရေးတာဝန် တွေကို မှန်မှန်ကန်ကန်ဆောင်ရွက်ရမှာ ဖြစ်သလို တစ်ဦးချင်းစွမ်းရည်တွေ ရှိစေဖို့ အမြဲလေ့ကျင့် ဆောင်ရွက် နေဖို့လိုပါတယ်၊ တပ်မတော်သားအားလုံး ကျန်းမာ၊ ကြံ့ခိုင်မှုရှိစေဖို့အတွက် နေထိုင်စားသောက်မှုတွေကို တတ်နိုင်သမျှ ပြည့်စုံအောင် ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်၊ ဉာဏပိုင်းနဲ့ ပတ်သက်ပြီးလည်း စစ်အတတ် ပညာတွေကိုတင်မဟုတ်ပဲ သက်ဆိုင်ရာလုပ်ငန်းကဏ္ဍရပ်တွေအားလုံးကို ကျွမ်းကျင်တတ်မြောက်အောင် လေ့ကျင့်သင်ကြားပေးနေပါတယ်၊ တစ်ဦးချင်းရဲ့ ကျန်းမာကြံ့ခိုင်မှုရှိစေဖို့အတွက်လည်း အမြဲလေ့ကျင့် ဆောင်ရွက်နေဖို့လိုပါတယ်။” ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုသည်။
အရာရှိ၊ စစ်သည်များအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ထမ်းဆောင်ရာတွင် အောင်မြင်မှုများရရှိအောင် ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးချင်း၏ စွမ်းဆောင်မှု၊ ကြိုးပမ်းအားထုတ်မှုမှသည် စွမ်းရည်စွမ်းအားရှိသည့် တပ်မတော်တစ်ရပ်ဖြစ်စေရေးအားလုံးမှ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း၊ တိုင်းပြည်၏ အနာ ဂတ်ဖြစ်သည့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း မိမိတို့ တတ်စွမ်းသရွေ့ ဝိုင်းဝန်းအားပေး ဖော်ဆောင်သွားကြရန်လိုကြောင်းဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောဆိုခဲ့သည်။
#PeopleMedia