• Follow Us on

Home တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် ပြည်သူများက ဆရာတော်နှင့် သံဃာတော်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

တပ်မတော်(ကြည်း၊ ရေ၊ လေ)မိသားစုများနှင့် ပြည်သူများက ဆရာတော်နှင့် သံဃာတော်များအား ဆွမ်း ဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်အလှူငွေများ ပေးအပ်လှူဒါန်း

Share this post

နေပြည်တော်၊ သြဂုတ် ၂၁

 

တပ်မတော်(ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများ လှူဒါန်းပွဲကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်၊ ပျဉ်းမနားမြို့ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။

 

အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် နေပြည်တော်၊ ပျဉ်းမနားမြို့၊ အောင်စည်သာပရိ ယတ္တိစာသင်တိုက် ပဓာနနာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိစက္ခဏ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေး ချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊ ပျဉ်းမနားမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာ ရှင်အလှူရှင်များ တက်ရောက်ကြသည်။

 

ဆက်လက်၍ အောင်စည်သာကျောင်းတိုက် ဆရာတော်ထံ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက လည်းကောင်း၊ မဟာဝိသုတာရာမဈေးကုန်း ကျောင်းတိုက် ဆရာတော်ထံ စစ်ဦးအရာရှိချုပ်(ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကလည်းကောင်း၊ မာန်အောင်ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ စစ်ဦးစီး အရာရှိ  ချုပ်(လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်ကလည်းကောင်း၊ အုန်းတော ပရိယတ္တိစာသင်တိုက် ဆရာတော်ထံ နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ဝေလင်းကလည်းကောင်း လှူဖွယ်ပစ္စည်းများအသီးသီး ဆက်ကပ်လှူဒါန်းကြသည်။

 

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ  ပရိယတ္တိစာသင်တိုက်များ၊ သာသနာနွယ်ဝင် သီလရှင်စာ သင် တိုက်များနှင့် ဘိုးဘွားရိပ်သာများသို့ တပ်မတော် (ကြည်း၊ ရေ၊  လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူ များက ၂၀၀၆ ခုနှစ်မှစ၍ နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၂၆၁၀၀၀၀ ကျပ်၊ ဆန် ၉၉၇ အိတ် ၈ ပြည်၊ ဆီ ၂၉၂ ဒသမ ၂၀ ပိဿာ၊ ပဲ ၂၇၉၇ ပိဿာ၊ ဆား ၂၇၉၇ ပိဿာ၊ ဆေးမျိုးစုံ ၃၄၈၀ ဘူးတို့အား လှူဒါန်းခဲ့ကြောင်း သိရသည်။

 

#PeopleMedia


Share this post