• Follow Us on

Home တပ်မတော်က နယ်မြေရှင်းလင်းမှု ၁၁ ရက်ကြာ ပြုလုပ်ပြီးနောက် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တဲ့ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို ယနေ့ ပြန်လည် သိမ်းပိုက်

တပ်မတော်က နယ်မြေရှင်းလင်းမှု ၁၁ ရက်ကြာ ပြုလုပ်ပြီးနောက် စစ်သွေးကြွတွေ သိမ်းပိုက်ခဲ့တဲ့ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို ယနေ့ ပြန်လည် သိမ်းပိုက်

Share this post

မန္တလေး၊ အောက်တိုဘာ ၂၁

 

မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးရွာကို ယနေ့ (အောက်တိုဘာ ၂၁) ရက်နေ့မှာ တပ်မတော်က ပြန်လည် သိမ်းပိုက်လိုက်ပြီ ဖြစ်ပါတယ်။

 

တပ်မတော်က ငါန်းမြာကြီးရွာ ပြန်လည် သိမ်းပိုက်နိုင်ဖို့အတွက် အောက်တိုဘာ ၁၁ ရက်နေ့ကနေ စတင်ပြီး နယ်မြေရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။ တိုက်ပွဲအတွင်း စစ်သွေးကြွများရဲ့ အလောင်းနဲ့ လက်နက်ခဲယမ်းတွေကို ရရှိခဲ့ပါတယ်။ ယနေ့မှာတော့ အပြည့်အဝ ပြန်လည်ထိန်းချုပ် တပ်စွဲနိုင်ခဲ့တာ ဖြစ်ပါတယ်။

 

အဆိုပါ ကျေးရွာကို စစ်သွေးကြွအဖွဲ့များက ဩဂုတ်လ ၁၉ ရက်၌ ဝင်ရောက်တိုက်ခိုက်ထိန်းချုပ်ခဲ့တာ ဖြစ်ပါတယ်။ ကျေးရွာ၏ တည်နေရာသည် ဧရာဝတီမြစ်ကမ်းဘေး၌ တည်ရှိပြီး မြစ်၏ တစ်ဘက်ကမ်း၌ မြောင်မြို့တည်ရှိပါတယ်။

 

ထို့အတူ ဆီမီးခုံ၊ ငါန်းဇွန်းမြို့နယ်ကြား၌ တည်ရှိသော ကျေးရွာဖြစ်ပြီး ရေလမ်း၊ ကုန်လမ်း အချက်အခြာကျသော ရွာဖြစ်ပါတယ်။

 

#PeopleMedia


Share this post