တပ်မတော်ဆိုက်ဘာတပ်ဖွဲ့ခွဲတစ်ခု ဖွဲ့စည်းဖို့ အင်ဒိုနီးရှားအစိုးရ စီစဉ်နေ
PUBLISHED - September 6, 2024
နိုင်ငံတကာ၊ စက်တင်ဘာ ၆
ဆိုက်ဘာကာကွယ်ရေးအတွက် ရည်ရွယ်ပြီး စတုတ္ထမြောက် တပ်မတော်ဆိုက်ဘာတပ်ဖွဲ့ခွဲတစ်ခုကို ဖွဲ့စည်း တည်ထောင်သွားဖို့ အင်ဒိုနီးရှားအစိုးရက စီစဉ်နေပါတယ်။
ဒီဆိုက်ဘာတပ်ဖွဲ့ခွဲကို တည်ထောင်ဖို့ အင်ဒိုနီးရှားသမ္မတဂျိုကိုဝီဒိုဒိုက ညွှန်ကြားခဲ့တာဖြစ်ကြောင်း မကြာသေး ခင်က အောက်လွှတ်တော်အစည်းအဝေးတစ်ခုမှာ ပြောကြားခဲ့တဲ့ အင်ဒိုနီးရှား တပ်မတော်စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကြီး အေဂက်စ်ဆူဘီယန်တိုရဲ့ စကားကို ကိုးကားပြီး အင်ဒိုသတင်းဌာန Antara က ဖော်ပြခဲ့ပါတယ်။
အခုတပ်ဖွဲ့ခွဲကို လူသားရင်းမြစ်စွမ်းရည်တွေကို မှီခိုအားထားနေတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ လက်ရှိ ဆိုက်ဘာတပ် ဖွဲ့ကြီးထဲမှာ ပေါင်းစပ်ထည့်သွင်းသွားမှာဖြစ်ပါတယ်။
“ပြည်သူ့အတိုင်ပင်ခံအစည်းအဝေးမှာ မိန့်ခွန်းပြောကြားခဲ့ပြီးနောက် အခုလို တပ်မတော်ဆိုက်ဘာတပ်ဖွဲ့ခွဲ တစ်ခုဖွဲ့စည်းတည်ထောင်ဖို့ သမ္မတကြီးက ကျွန်တော့်ကို ညွှန်ကြားခဲ့တာဖြစ်ပါတယ်။” လို့ ဗိုလ်ချုပ်ကြီး ဆူ ဘီယန်တိုက ပြောပါတယ်။
ဆိုက်ဘာတပ်ဖွဲ့ခွဲ ဖွဲ့စည်းတည်ဆောက်မှုဟာ တပ်မတော်တပ်ဖွဲ့ခွဲတိုင်းနဲ့ မူလတပ်မတော်စစ်ဌာနချုပ်အားလုံး ရဲ့ ဌာနတွေနဲ့အတူ ပေါင်းစပ် ဖွဲ့စည်းတည်ဆောက်သွားမှာဖြစ်ပါတယ်။
ဒီစီမံကိန်းအတွက် တပ်သားသစ်တွေစုဆောင်းရာမှာ အရပ်သားတွေပါဝင်မှာဖြစ်ပြီး အထူးသဖြင့် အထက်တန်း အောင်မြင်ပြီးသူတွေနဲ့ တက္ကသိုလ်ဘွဲ့ရကျောင်းသားတွေကို အဓိကထား ခေါ်ယူသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ် ကြီး ဆူဘီယန်တိုက ပြောပါတယ်။
နိုင်ငံရဲ့ဒစ်ဂျစ်တယ်နယ်ပယ်မှာ စတုတ္ထမြောက် တပ်မတော်ဆိုက်ဘာတပ်ဖွဲ့ခွဲတစ်ခုဖွဲ့စည်းဖို့အတွက် အစိုးရ အရာရှိတွေနဲ့ ဆိုက်ဘာလုံခြုံရေးကျွမ်းကျင်သူတွေက အကဲဖြတ်လေ့လာပြီးနောက်မှာ အင်ဒိုနိးရှားအစိုးရက အခုလို စီစဉ်နေတာဖြစ်ပါတယ်။
အခု ကြိုးပမ်းမှုဟာ တဖြည်းဖြည်းကြီးထွားလာတဲ့ ဆိုက်ဘာစစ်ပွဲအတွက် အင်ဒိုနီးရှားတပ်မတော်ရဲ့ ကာကွယ် ရေးစွမ်းရည်နဲ့ လိုက်လျောညီထွေဖြစ်အောင် ပြင်ဆင်ပေးသွားဖို့နဲ့ နိုင်ငံရဲ့စီးပွားရေးကိုလည်း ထပ်မံကာကွယ် ပေးသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။
နိုင်ငံရဲ့အဓိကလေဆိပ်တွေ၊ လူဝင်မှုကြီးကြပ်ရေးဌာနတွေနဲ့ အစိုးရဌာနပေါင်း ၂၃၀ ဝန်းကျင်ကို ထိခိုက်ခဲ့တဲ့ အကြီးမားဆုံး ဆိုက်ဘာတိုက်ခိုက်မှုကြီးကို ရင်ဆိုင်တွေ့ကြုံခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ် ဇူလိုင်လမှာ အင်ဒိုနီးရှား နိုင်ငံမှာ ဆိုက်ဘာလုံခြုံရေးဆွေးနွေးမှုတွေ အရှိန်မြင့်တက်လာခဲ့ပါတယ်။
အခုကြေညာချက်မထွက်လာခင် နိုင်ငံရဲ့ဆိုက်ဘာနည်းပညာယှဉ်ပြိုင်နိုင်မှုစွမ်းရည် မြှင့်တင်ဖို့အတွက် အင်ဒိုနီး ရှားနိုင်ငံဟာ အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကာကွယ်ရေးစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
အခုလို အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တဲ့အတွက် ဆိုက်ဘာနယ်ပယ်နဲ့ ဆက်နွယ်တဲ့ စဉ်ဆက်မပြတ် ကျွမ်းကျင်မှုစီမံကိန်းတွေအနေနဲ့ နိုင်ငံရဲ့ အနာဂတ်လက်နက်တွေနဲ့ ရည်မှန်းချက်တွေအတွက် နောက်ထပ် အပ လီကေးရှင်းတွေကို လေ့လာဖော်ထုတ်နိုင်မှာဖြစ်ပါတယ်။
“ဆိုက်ဘာဆိုတာ ဧရာမလက်နက်တိုက်ကြီးရှိနေတဲ့ နိုင်ငံကြီးတစ်ခုဖြစ်စရာမလိုတဲ့ နယ်ပယ်တွေထဲက နယ် ပယ်တစ်ခုပါ။” လို့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်သြစတင်က ပူးတွဲသဘောတူစာချုပ်မှာ ဖော်ပြထား ပါတယ်။
“ခင်ဗျားတို့နိုင်ငံဟာ စွမ်းရည်အကန့်အသတ်တွေနဲ့ နိုင်ငံငယ်လေးတစ်နိုင်ငံဖြစ်နေရင်တောင် ဆိုက်ဘာနယ် ပယ်က စားပွဲဝိုင်းပေါ်ကို စွမ်းရည်တွေ ယူဆောင်လာနိုင်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။
Ref: Indonesia to Form Cyber Military Branch
#PeopleMedia