• Follow Us on

Home တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တွင် ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုပေါင်း ၃၀၀ တွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) တွင် ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုပေါင်း ၃၀၀ တွဲကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉

 

တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)၌ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု အတွဲ (၃၀၀) ပြည့်အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ တပ်မတော်ဆေးတက္က သိုလ်၌ ကျင်းပပြုလုပ်ခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ အငြိမ်းစားဆေးဝန်ထမ်းညွှန်ကြားရေးမှူးများ၊ တပ်မတော်ဆေးရုံ/ ဆေးတပ်များမှ တပ် မှူးများ၊ အငြိမ်းစားတပ်မှူးများ၊ အငြိမ်းစား ပါမောက္ခ ဆရာကြီး/ဆရာမကြီးများ၊ တပ်မတော်ဆေးတက္ကသိုလ်မှ ပါမောက္ခ/ ဌာနမှူးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြသည်။

 

ထိုသို့ ပထမဆုံး ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုကို ၁၉၉၅ ခုနှစ်တွင် တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)၌ ပြုလုပ်နိုင်ခဲ့ကြောင်း၊ ဗြိတိန်နိုင်ငံမှ ကျောက်ကပ်ခွဲစိတ်ကုသမှုအဖွဲ့နှင့် ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပါမော က္ခဆရာဝန်ကြီးများ၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ပါမောက္ခ ဆရာဝန်ကြီးများဦးဆောင်ပြီး လူနာ ၅ တွဲကို ပထမ ဆုံးအနေဖြင့် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုကို အောင်မြင်စွာပြုလုပ်နိုင်ခဲ့ကြောင်း၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၈ ခုနှစ်အတွင်း စင်္ကာပူနိုင်ငံမှ ပါမောက္ခဆရာဝန်ကြီးများနှင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါမောက္ခဆရာဝန်ကြီးများပူးပေါင်း၍ တပ်မတော်ဆေးရုံကြီး(ခုတင် ၁၀၀၀)တွင် လူနာအတွဲစုစုပေါင်း ၁၉ တွဲကို ခွဲစိတ်အောင်မြင်ခဲ့ကြောင်း သိရသည်။

 

ဆေးဝန်ထမ်းတပ်ဖွဲ့အတွင်း ကျောက်ကပ် အစားထိုးခွဲစိတ်ကုသမှုများကို တပ်မတော်ဆေးရုံကြီး(ခုတင်-၁၀၀၀) ၌သာ ပြုလုပ်ခဲ့ရာမှ ၂၀၁၁ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ(ခုတင်-၇၀၀)၌လည်းကောင်း၊ ၂၀၁၆ ခုနှစ်မှ စတင်၍ တပ်မတော် ဆေးရုံကြီး(ခုတင်-၁၀၀၀)၌လည်းကောင်း၊ ၂၀၂၂ ခုနှစ်မှစတင်၍ တပ်မတော်ဆေးရုံ (ခုတင်-၇၀၀) ၌လည်းကောင်း အသီးသီးကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှုများကို အောင်မြင်စွာဆောင် ရွက်နိုင်ခဲ့သည်။

 

တပ်မတော်ဆေးရုံကြီး(ခုတင်- ၁၀၀၀)မှာဆိုရင် ၁၉၉၅ ခုနှစ်မှ ယနေ့ထိ ကျောက်ကပ်အစားထိုးခွဲစိတ်ကုသမှု ပေါင်း ၃၀၀ တွဲကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ ဆေးဝန်ထမ်းတပ်ဖွဲ့အနေဖြင့် ယခုဆိုရင် ကျောက်ကပ်အစားထိုး ခွဲစိတ်ကုသမှုပေါင်း ၄၃၅ တွဲကို အောင်မြင်စွာ ခွဲစိတ်ကုသနိုင်ခဲ့ပြီဖြစ်ကြောင်း သိရ သည်။

 

#PeopleMedia


Share this post