• Follow Us on

Home တပ်မတော်တစ်ရပ်လုံးအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၁၇၅,၆၇၄ ပင်စိုက်ပျိုးခဲ့

တပ်မတော်တစ်ရပ်လုံးအနေဖြင့် မိုးရာသီသစ်ပင်စိုက်ပွဲတွင် သစ်ပင် ၁၇၅,၆၇၄ ပင်စိုက်ပျိုးခဲ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၈

 

၂၀၂၃ ခုနှစ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ) မိသားစု များ၏ စတုတ္ထအကြိမ်မိုးရာသီသစ်ပင် စိုက်ပျိုးပွဲ အခမ်းအနားကို ယမန်နေ့တွင် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပပြု လုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင် တက်ရောက်၍ ရတနာတန်းဝင် ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့သည်။

 

အဆိုပါ အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၏ ဇနီး ဒေါ်ကြူကြူလှ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)နှင့်ဇနီး၊ ကာကွယ်ရေး ဦးစီးချုပ်(လေ)နှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများ၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ နေပြည်တော်တိုင်းစစ် ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ သင်တန်းသား အရာရှိ ကြီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)ရှိ ရုံးဌာနအသီးသီးမှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များ တက် ရောက်ကြသည်။

 

ယမန်နေ့ပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ်သစ်ပင် စိုက်ပျိုးပွဲတွင် ရတနာတန်းဝင် ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃,၅၂၈ ပင်အား စုပေါင်း စိုက်ပျိုးခဲ့ကြသည်။ ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ် ထိန်း သိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ အနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပပြုလုပ်၍ ရတနာတန်းဝင် ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင် စုစုပေါင်း ၁၉၄,၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်သည်။

 

အလားတူ တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီး၌လည်း မိုးရာသီသစ်ပင်စိုက်ပွဲများ ကျင်းပ၍ ရတနာတန်းဝင်ပင်၊ စက်မှုကုန်ကြမ်းသီးနှံပင်၊ နှစ်ရှည်စားသုံးသီးနှံပင်၊ အရိပ် ရလေကာပင်များကို စုပေါင်းစိုက်ပျိုးကြရာတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၌ ၇,၃၈၀ ပင်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၅,၂၅၅ ပင်၊ အရှေ့မြောက်တိုင်း စစ်ဌာန ချုပ်၌ ၂၀,၁၃၅ ပင်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၉,၅၂၅ ပင်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်၌ ၁၃,၆၁၈ ပင်၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၌ ၁၄,၆၁၃ ပင်၊ အရှေ့ တောင် တိုင်းစစ်ဌာနချုပ်၌ ၅,၄၄၅ ပင်၊ ကမ်း ရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၌ ၁၃,၅၂၉ ပင်၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ ၉,၀၈၃ ပင်၊ အနောက်တောင် တိုင်း စစ်ဌာန ချုပ်၌ ၁၃,၂၃၀ ပင်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၁၀,၉၆၄ ပင်၊ အနောက်မြောက် တိုင်းစစ်ဌာန ချုပ်၌ ၉,၁၁၂ ပင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ၂၀,၂၀၇ ပင်နှင့် တောင်ပိုင်းတိုင်းစစ် ဌာနချုပ်၌ ၁၀,၀၅၀ ပင်တို့ကို တိုင်းမှူးများနှင့် တာဝန်ရှိသူများက စုပေါင်းစိုက်ပျိုးခဲ့ကြပြီး တပ်မတော်တစ်ရပ်လုံးအနေဖြင့် ယမန် နေ့တွင် စုစုပေါင်းသစ်ပင် ၁၇၅,၆၇၄ ပင် ကို စိုက်ပျိုးခဲ့ကြသည်။

 

#PeopleMedia


Share this post