တပ်မတော်တည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်များစွာရှိ နေသေးကြောင်း တပ်ချုပ်ပြောကြား
PUBLISHED - May 30, 2024
နေပြည်တော်၊ မေ ၃၀
တပ်မတော်တည်ဆောက်ရေး၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်များစွာ ရှိနေသေးကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ယမန်နေ့မွန်းလွဲပိုင်းတွင် တပ်မတော်နည်းပညာ တက္ကသိုလ်မှ နည်းပြ အရာရှိကြီးများ၊ ကထိကအရာရှိကြီးများ၊ ဆရာကြီး၊ ဆရာမကြီးများ၊ သန္ဓေအရာရှိများနှင့် ဗိုလ်လောင်းများအား တပ်မတော်နည်းပညာတက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သင်တန်းသားများအနေဖြင့် ထူးချွန်ထက်မြတ်သည့် သင်တန်းဆင်းအရာ ရှိများဖြစ် လာစေရေး သင်တန်းတက်ရောက်စဉ်ကာလပတ်လုံး စဉ်ဆက်မပြတ်သည့် ကြိုးစားအားထုတ်မှုရှိ ရန်လိုအပ်မည်ဖြစ်ကြောင်း၊ အလားတူ အခြေခံလေ့ကျင့်ရေးများ ဆောင်ရွက်ရာတွင် လေ့ကျင့်သားပြည့်ဝရန် အတွက် စနစ်တကျလေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ စစ်သားကောင်းတစ်ယောက်ဖြစ်လာစေရေးအတွက် စိတ်ဓာတ်၊ စည်းကမ်းကောင်းရန်၊ ကျန်းမာကြံ့ခိုင်မှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ ချွေးထွက်များမှ သွေး ထွက်နည်းမည် ဟူသည့်ဆောင်ပုဒ်နှင့်အညီ တစ်ဦးချင်းနေ့စဉ်လုပ်ဆောင်နေရသည့် တာဝန်များကို မှန်မှန် ကန်ကန်လုပ်ဆောင် လိုက်နာ၍ လေ့ကျင့်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း ပြောသည်။
တပ်မတော်တွင် ခေါင်းဆောင်မှုပညာရပ်သည် အလွန်အရေးကြီးပြီး အမိန့်နာခံတတ်မှု၊ စစ်စည်းကမ်းကောင်း မွန်မှုတို့ ပြည့်စုံသည့် နောက်လိုက်ကောင်းဖြစ်ခဲ့မှသာလျင် ခေါင်းဆောင်အဖြစ်သို့ ရောက်ရှိချိန်၌လည်း ပြည့်စုံ ကောင်းမွန်သည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်မည်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုတွင် တစ်ဦးနှင့် တစ်ဦးတူညီ မှုမရှိဘဲ ခေါင်းဆောင်မှု ကောင်းမွန်ရန်အတွက် မိမိကိုယ်တိုင်လေ့ကျင့်ဆောင်ရွက်ရန်လိုကြောင်း၊ သင်တန်း ကာလအတွင်း လေ့ကျင့်ဆောင်ရွက်သွားမည်ဆိုပါက စစ်ဘက်ခေါင်းဆောင်ကောင်းများဖြစ်လာမည်ဖြစ် ကြောင်း၊ အင်ဂျင်နီယာပညာရှင်ကောင်းများဖြစ်ရန်အတွက်လည်း သက်ဆိုင်ရာပညာရပ်များအလိုက် စနစ်တကျလေ့ကျင့်ဆောင်ရွက်သွားရန်လို ကြောင်း၊ ထို့ကြောင့် မိမိတို့ကိုယ်ကို စနစ်တကျလေ့ကျင့် ဆောင်ရွက်သွားရန်နှင့် နည်းပြ နှင့် ဆရာ၊ ဆရာမများအနေဖြင့်လည်း သင်တန်းသားများကို စနစ်တကျ လေ့ကျင့်ဆောင် ရွက်ပေးသွားရန်လိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရည်အချင်းပြည့်ဝသည့် တပ်မတော်အရာရှိကောင်းများ မွေးထုတ် ပေးနိုင်ရန် အတွက် စတင်ရွေးချယ်စဉ်ကပင် သတ်မှတ်ချက်များနှင့်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တပ်မ တော်တည်ဆောက်ရေး ၊ နိုင်ငံတော်တည်ဆောက်ရေးတို့အတွက် မိမိတို့အနေဖြင့် ဆောင်ရွက်ရန်များစွာရှိနေ သေးကြောင်း၊ တိုးတက်ပြောင်းလဲနေသည့် ခေတ်နှင့်အညီ တိုးတက်စေရေးအတွက် အမြဲကြိုးပမ်းဆောင်ရွက် နေရမည်ဖြစ်ကြောင်း၊ လုပ်သင့် လုပ်ထိုက်သည်များကို အမြဲမပြတ် ဆောင်ရွက်ခြင်းသည် အကောင်းဆုံးပင်ဖြစ် ကြောင်း၊ ထို့ကြောင့် မိမိတို့လုပ်ရန်ရှိသည့် အလုပ်များကိုအောင်မြင်အောင် အမြဲမပြတ်ကြိုးပမ်း ဆောင်ရွက်ကြ စေလိုကြောင်းဖြင့် မှာကြားသည်။
#PeopleMedia