• Follow Us on

Home တပ်မတော်တပ်ရင်းဌာနချုပ်နှစ်ခုကို ထပ်မံသိမ်းပိုက်လိုက်ကြောင်း AA ပြော

တပ်မတော်တပ်ရင်းဌာနချုပ်နှစ်ခုကို ထပ်မံသိမ်းပိုက်လိုက်ကြောင်း AA ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၇

 

မြန်မာနိုင်ငံတွင်း တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားလျက်ရှိရာ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်နဲ့ ကျောက်တော် မြို့နယ်ရှိ မြန်မာ့တပ်မတော် တပ်ရင်းဌာနချုပ်နှစ်ခုကို သိမ်းပိုက်ရရှိခဲ့ကြောင်း ရခိုင့်တပ်တော်ခေါ် AA သူပုန်အဖွဲ့ က ကြေညာလိုက်ပါတယ်။

 

မြောက်ဦးဒေသမှာ လေးငါးရက် အပြင်းအထန် တိုက်ခိုက်ပြီးနောက် မြန်မာ့တပ်မတော်ရဲ့ ခမရ ၃၇၈ ကို တနင်္လာနေ့ (ဖေဖော်ဝါရီလ ၅ ရက်နေ့) က သိမ်းပိုက်နိုင်ခဲ့ကြောင်း AA အဖွဲ့က ပြောပါတယ်။

 

ပြီးခဲ့တဲ့သီတင်းပတ် အင်္ဂါနေ့က ခမရ ၅၄၀ ကို သိမ်းပိုက်နိုင်ခဲ့ပြီး မြောက်ဦးမှာရှိတဲ့ ခမရ ၃၇၇ ကို ဆက်လက် တိုက်ခိုက်နေစဉ်အတွင်းမှာပဲ အခုလို ခမရ ၃၇၈ ကို သိမ်းပိုက်ခဲ့ကြောင်း ကြေညာခဲ့တာဖြစ်ပါတယ်။

 

ကျောက်တော်မှာရှိတဲ့ ခမရ ၃၇၆ အပါအဝင် တပ်ရင်း ၃ ရင်းဟာ မြောက်ဦးမြို့ ရှေးဟောင်းသုတေသနဌာန၊ မြို့တွင်းရှိလူနေအိမ်ခြေတွေနဲ့ အနီးအနားကရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ AA အဖွဲ့က ပြောပါတယ်။

 

ရခိုင်ပြည်နယ်အတွင်း မြောက်ဦးမြို့နယ်အပြင် ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ရမ်းဗြဲနဲ့ အမ်းမြို့နယ်တွေမှာလည်း တိုက်ပွဲတွေဖြစ်ပွားလျက်ရှိပြီး မြန်မာတပ်မတော်က လေကြောင်းရော ရေကြောင်းကပါ တိုက်ခိုက်နေကြောင်း AA သူပုန်အဖွဲ့က ပြောပါတယ်။

 

AA သူပုန်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောမြို့နယ်၊ တောင်ပြိုကျေးရွာရှိ နယ့်စပ်စခန်းတွေကိုလည်း ပစ်မှတ်ထားတိုက်ခိုက်ခဲ့ရာ အစိုးရတပ်ဖွဲ့ဝင် ၂၅၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ထွက်ပြေးခိုလှုံခဲ့ပါတယ်။

 

ဆုတ်ခွာနေတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေဟာ AA အဖွဲ့ဲရဲ့ တန်ပြန်တိုက်ခိုက်မှုတွေနဲ့ တွေ့ကြုံနေရတဲ့အတွက် မြန်မာ့ တပ်မတော်ဘက်က လက်နက်ကြီးတွေ၊ လေကြောင်းပစ်ခတ်မှုတွေနဲ့ တိုက်ခိုက်လျက်ရှိပါတယ်။

 

AA သူပုန်အဖွဲ့ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ဝန်းနဲ့ ချင်း ပြည်နယ် ပလက်ဝမြို့နယ်တစ်ခွင်မှာ အစိုးရတပ်ဖွဲ့တွေကို အင်အားအလုံးအရင်းနဲ့ ပစ်မှတ်ထားတိုက်ခိုက်နေ တာဖြစ်ပါတယ်။

 

AA သူပုန်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြို့တော်စစ်တွေအနီးက ပေါက်တောမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် အပါအဝင် ရခိုင်မြောက်ပိုင်းမှာရှိတဲ့ မြန်မာ့တပ်မတော်စခန်း ၁၇၀ ဝန်းကျင်ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း ကြေညာ ထားပါတယ်။

 

Ref: Arakan Army seizes 2 more Myanmar Junta bases in Rakhine: Dhaka Tribune

 

#PeopleMedia


Share this post