တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် ကျန်းမာရေးအဆင့်ပြည့်မီသူများကိုသာ လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း နစကထုတ်ပြန်
PUBLISHED - March 13, 2024
နေပြည်တော်၊ မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်မှ စိတ်ကျန်းမာရေးချို့တဲ့သူ စိတ်ဝေဒနာရှင်တစ်ဦးကို မတ်လ ၁၁ ရက်နေ့က တပ်မတော်မှ တပ်သားသစ်အဖြစ် အတင်းအဓမ္မစုဆောင်းခဲ့ကြောင်း သတင်းတု၊ သတင်းအမှား များကို တရားမဝင် ပြည်ဖျက်မီဒီယာက အထင်အမြင်လွဲမှားဖွယ် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရကြောင်း ထုတ်ပြန်ထားသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ မတ်လ ၁၁ ရက်နေ့က မင်္ဂလာဒုံစစ်သားစုဆောင်းရေး တပ်တွင် ၎င်းကို တပ်သားသစ်အဖြစ် စုဆောင်းခြင်းမရှိကြောင်း၊ တပ်မတော်တွင် စစ်မှုထမ်းဆောင်ရန်အတွက် သတ်မှတ်ထားသည့် ကျန်းမာရေးအဆင့်ပြည့်မီသူများကိုသာ လက်ခံစစ်ဆေးဆောင်ရွက်လျက်ရှိပြီး ထိုကဲ့သို့ စိတ်ဝေဒနာသည် တစ်ဦးကိုလည်း စစ်မှုထမ်းဆောင်ရန် အတွက် တပ်သားသစ်အဖြစ် စုဆောင်းမည်မဟုတ်ကြောင်း သိရှိရကြောင်း ထုတ်ပြန်ထားသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည် ဖျက်မီဒီယာများတွင် လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများက စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲခြင်း၊ လမ်းသွားလမ်း လာများကို ဖမ်းဆီးခြင်းစသည့် ကောလာဟလသတင်းအမှားများဖြင့် ပြည်သူများကြောက်ရွံ့ထိတ်လန့် စေရန်နှင့် အထင်အမြင်လွဲမှားစေရန်အတွက် မဟုတ်မမှန်ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်း ထုတ်ပြန်ထားသည်။
#PeopleMedia