တပ်မတော်ထဲဝင်ရောက်သူနည်းပါးလို့ စစ်သားစုဆောင်းရေးနည်းလမ်းအသစ်တစ်ရပ် ကျင့်သုံးဖို့ ဂျာမနီ စီစဉ်နေ
PUBLISHED - June 13, 2024
နိုင်ငံတကာ၊ ဇွန် ၁၃
ယူကရိန်းနိုင်ငံကို ရုရှားက ကျူးကျော်တိုက်ခိုက်ပြီးနောက် အင်အားနည်းပါးလာတဲ့ ဂျာမန်တပ်မတော်ကို ပြန် လည်ပြုပြင်ဖို့ စဉ်းစားနေစဉ်အတွင်း စစ်သားစုဆောင်းရေးနည်းလမ်းအသစ်တစ်ရပ်ကို ဂျာမနီနိုင်ငံက စီစဉ်နေ ကြောင်း လွှတ်တော်အမတ်တွေက AFP သတင်းဌာနကို ဗုဒ္ဓဟူးနေ့က ပြောပါတယ်။
အဲဒီအစီအစဉ်သစ်အရ နိုင်ငံတွင်း မိမိသဘောဆန္ဒအလျောက်တပ်မတော်ထဲဝင်ရောက်တဲ့ အစီအစဉ် ဆက် လက်တည်ရှိနေပေမဲ့ လူငယ်တွေဟာ စစ်မှုထမ်းဖို့အတွက် စာရင်းသွင်းမှတ်ပုံတင်ထားရမှာဖြစ်ပါတယ်။
ဂျာမနီနိုင်ငံဟာ စစ်မှုမထမ်းမနေရစနစ်ကို ၂၀၁၁ ခုနှစ်မှာ ရပ်ဆိုင်းလိုက်ပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် လူငယ် အမျိုးသမီး/အမျိုးသားတွေကို ဂျာမန်တပ်မတော်ထဲဝင်ခိုင်းဖို့ လိုအပ်မလားဆိုတဲ့ ငြင်းခုန်ဆွေးနွေးမှုတွေ ထွက် ပေါ်လာခဲ့ပါတယ်။
ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယက်စ်က စစ်သားစုဆောင်းရေးနည်းလမ်းသစ်တစ်ရပ်ကို ဗုဒ္ဓဟူး နေ့ ညနေပိုင်းမှာ လွှတ်တော်ထဲမှာ တင်ပြသွားမှာဖြစ်ပါတယ်။
အဲဒီအစီအစဉ်အရ ကျောင်းထွက်ပြီးသား/ပညာရေးသင်ကြားမှုပြီးဆုံးပြီးသား လူငယ်အားလုံးကို တပ်မတော်ထဲ ဝင်ဖို့ စိတ်ဝင်စားမှုရှိမရှိ၊ ၎င်းတို့ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကာယကြံ့ခိုင်မှုအပိုင်းတွေကို မေးခွန်းတွေပေးပို့ပြီး မေးမြန်းသွားမှာဖြစ်ပါတယ်။
အမျိုးသမီးလူငယ်တွေကတော့ မိမိဆန္ဒအလျောက်သာ တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အမျိုးသားလူငယ်တွေ ကတော့ မေးခွန်းတွေအားလုံးကို ပြန်လည်ဖြေကြားရမှာဖြစ်ပါတယ်။
၎င်းတို့ရဲ့ ဖြေကြားချက်တွေပေါ်မူတည်ပြီး သက်ဆိုင်ရာ အမျိုးသား/အမျိုးသမီးတွေကို တပ်မတော်သားအဖြစ် ရွေးချယ်မယ့်အစီအစဉ်အတွက် ခေါ်ယူသွားမှာဖြစ်ပါတယ်။
တပ်မတော်ထဲမှာကာလရှည်တာဝန်ထမ်းဆောင်ဖို့ စိတ်ဝင်စားသူတွေအတွက် စစ်မှုထမ်းသက် ဆက်လက်တိုး မြှင့်နိုင်သလို အသင့်တော်ဆုံးလူငယ်တွေကို ကနဦး ခြောက်လကြာစစ်မှုထမ်းဆောင်ဖို့အတွက် ဆင့်ခေါ်သွား မှာဖြစ်ပါတယ်။ အတိုက်အခံပါတီတွေကတော့ စစ်သားစုဆောင်းရေးအတွက် ထပ်မံအဆင့်မြှင့်ဆောင်ရွက်ဖို့နဲ့ စစ်မှုမထမ်းမနေ ရစနစ်ကို ပြန်လည်ကျင့်သုံးဖို့ အစိုးရကို တောင်းဆိုခဲ့ကြပါတယ်။
ဂျာမန်ကွန်ဆာဗေးတစ်တွေကတော့ ပါတီကလူငယ်အဖွဲ့ဝင်တွေရဲ့ တင်ပြမှုကိုထောက်ခံပြီး စစ်မှုမထမ်းမနေရ စနစ်ကို ယာယီပြန်လည်ကျင့်သုံးဖို့ မေလအတွင်းက မဲခွဲဆုံးဖြတ်ထောက်ခံခဲ့ပါတယ်။
စစ်မှုမထမ်းမနေရစနစ်ပုံစံတစ်မျိုးကို ပြန်လည်ကျင့်သုံးဖို့ စဉ်းစားသွားဖွယ်ရာရှိတယ်လို့ ကာကွယ်ရေးဝန်ကြီး ပစ္စတိုးရီးယက်စ်က အစောပိုင်းက အရိပ်အမြွက်ပြောပါတယ်။
“မိမိသဘောဆန္ဒအလျောက်စစ်မှုထမ်းတဲ့စနစ်နဲ့ ဝင်ရောက်လာသူတွေ မလုံလောက်ဘူးဆိုရင် လူငယ်ထဲကို စစ်ထဲဝင်ရောက်ဖို့ ဆွဲဆောင်စည်းရုံးရမှာပါပဲ။” လို့ ၎င်းက Die Zeit သတင်းစာကို မေလက ပြောပါတယ်။
ဂျာမနီနိုင်ငံမှာ ၂၀၁၁ ခုနှစ်ကစပြီး မိမိသဘောဆန္ဒအလျောက်သာ တပ်မတော်ထဲဝင်ရောက်တာဝန်ထမ်း ဆောင်ရတာဖြစ်ပြီး စစ်မှုထမ်းကာလက ၇ လကနေ ၂၃ လအထိ ကြာမြင့်ပါတယ်။
ဒါပေမဲ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ယူကရိန်းစစ်ပွဲစတင်ဖြစ်ပွားချိန်ကစပြီး ဂျာမန်တပ်မတော်ဟာ တပ်သားသစ် စုဆောင်းရေးအတွက် ရုန်းကန်ရှာဖွေနေရပါတယ်။
တပ်သားသစ်ရရှိဖို့ စုစည်းညီညွတ်စာဘက်စုံပူးပေါင်းဆောင်ရွက်ပေမဲ့လည်း ၂၀၂၃ ခုနှစ်မှာ တပ်သားသစ် ၁၈,၈၀၂ ဦးသာရရှိခဲ့ပြီး အဲဒီအရေအတွက်ဟာ ၂၀၂၂ ခုနှစ်ထက် ၂၇ ဦးသာ ပိုလာတာဖြစ်တယ်လို့ဆိုပါတယ်။
Ref: Germany Plans Revamped Military Service Model: Sources
#PepleMedia