• Follow Us on
Latest News

Home တပ်မတော်မှ ပြည်သူများနေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း နစကထုတ်ပြန်

တပ်မတော်မှ ပြည်သူများနေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း နစကထုတ်ပြန်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၃၀

 

ရခိုင်ပြည်နယ်အတွင်း စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်မှ ယနေ့အထိ အရပ်သားပြည်သူ အမျိုးသမီး ၄ ဦး၊ အမျိုးသား ၄ ဦး၊ စုစုပေါင်း ၁၂ ဦး သေဆုံးခဲ့သည်ဟု အေအေ ပီပီမှတ်တမ်းနှင့် သုတေသနဌာနက စောင့်ကြည့်လေ့လာမှုအရ သိရှိရကြောင်း တရားမဝင်ပြည်ဖျက်မီဒီယာ တစ်ခုမှ သတင်းတု၊ သတင်းအမှားများ ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရကြောင်း နစကမှ ထုတ်ပြန် ထားသည်။

 

တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နိုင်ငံတွင်းမတည်မငြိမ်ဖြစ်စေရန်နှင့် ဆူပူမှုများ ဖြစ်လာစေရန် အတွက် ကဏ္ဍပေါင်းစုံတွင် မဟုတ်မမှန်သတင်းများ လုပ်ကြံဖန်တီး ရေးသားလျက်ရှိသည့်အပြင် တပ်မ တော်နှင့် ပြည်သူများအကြား သွေးကွဲစေရန်၊ နိုင်ငံတကာမျက်နှာစာတွင် တပ်မတော်အား အထင်အမြင် လွဲမှားစေရန်အတွက်လည်း နည်းလမ်းမျိုးစုံအသုံးပြု၍ သွေးခွဲသပ်လျှိုလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

တပ်မတော်အနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ အသက်အိုး အိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရေးတို့အတွက် အကြမ်းဖက်သမားများကို ထုတ်ပြန်ထားသည့် ထိတွေ့ တိုက်ခိုက်မှုစည်းမျဉ်း (Rules of Engagement-ROE) နှင့်အညီ အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေး (Counter-Terrorisn Operation) ကို တိကျစွာလိုက်နာ ဆောင်ရွက်လျက်ရှိပြီး ယခုတရားမဝင် ပြည်ဖျက်မီဒီ ယာက ရေးသားထားသည့်သတင်းမှာ မှန်ကန်မှုမရှိဘဲ တပ်မတော်မှ ပြည်သူများ နေထိုင်ရာနေရာများသို့ မည်သည့်အခါမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းမရှိကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများသည် တည်ငြိမ် အေးချမ်းမှုပျက်ပြားစေရန်အတွက် ပြည်သူများနေထိုင်ရာ မြို့၊ ရွာများကိုရည်ရွယ်ချက်ရှိစွာ လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်းများသာရှိပြီး ထိုသို့ ပစ်ခတ်မှုများကြောင့် အပြစ်မဲ့ပြည်သူအချို့ သေဆုံး၊ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post