• Follow Us on
Latest News

Home တပ်မတော်မှ KNU ဗဟိုဌာနချုပ်ကို ဗုံးကြဲပြီးနောက် တရေဖိုးကွီးနှင့် ပရေကျေးကို ထပ်မံဗုံးကြဲ၊ လှိုင်းဘွဲ့မြို့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိနေ

တပ်မတော်မှ KNU ဗဟိုဌာနချုပ်ကို ဗုံးကြဲပြီးနောက် တရေဖိုးကွီးနှင့် ပရေကျေးကို ထပ်မံဗုံးကြဲ၊ လှိုင်းဘွဲ့မြို့တွင်လည်း လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြား ရောက်ရှိနေ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၃

 

KNU ဗဟိုဌာနချုပ်ကို တပ်မတော်မှ အသေခံဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်ပြီးနောက်တွင် တရေဖိုးကွီးနှင့် ပရေကျေးရှိ KNU စခန်းကို ထပ်မံဗုံးကြဲ တိုက်ခိုက်လိုက်ကြောင်း သိရသည်။

 

KNU တပ်မဟာ (၇) နယ်မြေရှိ တရေဖိုးကွီးနှင့် ပရေကျေးရှိ KNU စခန်းကို တပ်မတော်မှ ဒရုန်းဖြင့် ဗုံးသီး (၂)လုံး ကြဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး KNU စခန်းရှိ အဆောက်အအုံအချို့ ပျက်စီးသွားပြီး လူထိခိုက် သေဆုံးမှုများ ရှိကြောင်း သိရသည်။

 

ယင်းအပြင် KNU ဗဟို ဌာနချုပ်ကို ဒရုန်းဖြင့် တိုက်ခိုက်ပြီးနောက် မွန်းလွဲ (၂)နာရီကျော်ခန့်တွင် လှိုင်းဘွဲ့မြို့သို့ လုံခြုံရေးတပ်ဖွဲ့ဝင် အင်အားအများအပြားရောက်ရှိနေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

 

#PeopleMedia


Share this post