• Follow Us on
Latest News

Home တပ်မတော်သားအင်အား အကြီးအကျယ်ပြတ်လပ်နေတာကို ဗြိတိန်အစိုးရ ဖုံးကွယ်နေကြောင်း ဗြိတိန်အရာရှိ ဟောင်းတွေ ပြောကြား

တပ်မတော်သားအင်အား အကြီးအကျယ်ပြတ်လပ်နေတာကို ဗြိတိန်အစိုးရ ဖုံးကွယ်နေကြောင်း ဗြိတိန်အရာရှိ ဟောင်းတွေ ပြောကြား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၁၀

 

ဗြိတိန်တပ်မတော်မှာ အရည်အချင်းပြည့်ဝတဲ့တပ်မတော်သားအင်အားပြတ်လပ်နေတာနဲ့ပတ်သက်ပြီး အသေး စိတ်စစ်ဆေးခံရမှုကို ရှောင်ရှားနိုင်ဖို့အတွက် အဲဒီအင်အားပြတ်လပ်မှုကို တရားဝင်ဖွင့်ဟကြေညာဖို့ ဗြိတိန်အစိုး ရက ငြင်းပယ်လိုက်ကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန အရာရှိဟောင်းတွေက ပြောကြားလိုက်ပါတယ်။

 

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းအချက်အလက်တွေကို အများပြည်သူကြည့်ရှုခွင့်ရှိတဲ့နေရာတွေက နေဖယ်ရှားပစ်လိုက်သလို လျှို့ဝှက်သတင်းတွေကို ကြည့်ရှုခွင့်ရရှိထားတဲ့ လွှတ်တော်အမတ်တွေဆီက သတင်း အချက်အလက်တွေကို ထုတ်ပေးဖို့ ငြင်းဆန်ခဲ့ကြောင်း စွပ်စွဲချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ အခုလို ပြော ကြားချက်တွေ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

 

ဗြိတိန်တော်ဝင်ရေတပ်ကလည်း ရေတပ်တပ်ဖွဲ့ဝင်တွေ ဝင်ရောက်မှုနည်းပါးပြီး အင်အားပြတ်လပ်နေတဲ့အ တွက် ရေတပ်ပိုင်စစ်သင်္ဘောနှစ်စီးကို အနားပေးလိုက်တယ်ဆိုတဲ့သတင်းတွေ ပြီးခဲ့တဲ့သီတင်းပတ်ကထွက် ပေါ်လာခဲ့ပါတယ်။

 

“အစိုးရဟာ အစစ်ဆေးမခံချင်တဲ့အတွက် ကာကွယ်ရေးအင်အားလျော့ပါးပြတ်လပ်နေတာကို ဖုံးကွယ်ဖို့ ကြိုး စားနေပါတယ်။ အမျိုးသားလုံခြုံရေးကို ထိခိုက်တဲ့ လွဲမှားတဲ့ပြောဆိုချက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော့်မေးခွန်း အများအပြားကို ပြန်လည်ဖြေကြားခြင်းရှိတာ ကျွန်တော်သတိထားမိခဲ့ပါတယ်။” လို့ ရေတပ်ဦးစီးချုပ် ရေတပ် ဗိုလ်ချုပ်ကြီးဟောင်း လော့ဒ်ဝက်စ်ထ်က ပြောပါတယ်။

 

အစိုးရရဲ့လျှို့ဝှက်ထားမှုတွေနဲ့ ပတ်သက်ပြီး အများပြည်သူသိအောင် ပိုမိုပွင့်လင်းမြင်သာစွာ သတင်းထုတ်ပြန် ဖို့ တောင်းဆိုမှုတွေ စတင်ထွက်ပေါ်လာပါတယ်။

 

အင်မတန်အရေးကြီးတဲ့ တပ်မတော်ထဲက အင်အားပြတ်လပ်မှုအကြောင်းကို အများပြည်သူသိအောင် ထုတ် ပြန်ကြေညာတာဟာ “အဲဒီအခက်အခဲပြဿနာကို” အများပြည်သူ စိတ်ဝင်စားလာမှာဖြစ်ပြီး သက်ဆိုင်ရာ အရာ ရှိတွေ တာဝန်ခံရမယ့်အရေးမှာလည်း တိကျသေချာအောင်ဆောင်ရွက်သွားနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

 

စွပ်စွဲထားတဲ့ တပ်မတော်အင်အားပြတ်လတ်မှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေကို ဖြေဆိုဖို့ ဝန်ကြီးတချို့ကို ရှောင် လွှဲခွင့်ပြုထားတဲ့အတွက် လက်ရှိအချိန်မှာ ပြဿနာကို ထိန်ချန်ကွယ်ဝှက်မှုတစ်ခုရှိနေကြောင်း လေဘာပါတီ ဝင် ကာကွယ်ရေးဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျွန်ဟီးလီးက ပြောပါတယ်။

 

အခုလို အများကထုတ်ဖော်ပြောကြားလာတဲ့အတွက် ကွန်ဆာဗေးတစ်ပါတီဝင်ကာကွယ်ရေးဝန်ကြီးဟောင်း တူ ဘိုင်းရပ်စ်အဲလ်ဝတ်ဒ်ကလည်း “လက်ရှိဖြစ်ပေါ်နေတဲ့ စစ်ဆင်ရေးဆိုင်ရာအကန့်အသတ်တွေကို ထိန်းချုပ်ဖုံး ကွယ်ထားမှုဟာ လူထုကို လမ်းမှားရောက်အောင်ပို့ဆောင်ပေးနေတာဖြစ်တယ်လို့” ပြောကြားလိုက်ပါတယ်။

 

ဒီပြဿနာဟာ အမျိုးသားလုံခြုံရေး အာမခံမှုနဲ့ပတ်သက်တဲ့ နောက်ထပ်ပြဿနာတွေကို ဖြစ်ပေါ်လာစေမှာဖြစ် ကြောင်း ၎င်းက ထောက်ပြခဲ့ပါတယ်။

 

“အလွန်အရေးကြီးတဲ့ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဆောင်ရွက်နိုင်ဖို့အတွက် ဖုံးအုပ်ထားတာတွေကို ဖယ် ရှားပစ်လိုက်သင့်ပါပြီ။” လို့ ဗြိတိန်ရေတပ်အကြီးအကဲဟောင်း တွမ်ရှပ်က ပြောပါတယ်။

 

ဗြိတိန်နိုင်ငံရဲ့ စစ်အင်အားဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၁ ရက်နေ့အထိ ၁၈၄,၈၆၅ ဦးသာ ရှိကြောင်း ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာန သတင်းအချက်အလက်တွေကို ကိုးကားပြီး The Telegraph မီဒီယာက မကြာ သေးခင်ကရေးသားခဲ့ပါတယ်။

 

အဲဒီအင်အားဟာ ၂၀၂၂ ခုနှစ် စစ်အင်အားထက် တပ်ဖွဲ့ဝင်ဦးရေ ၇,၄၄၀ လျော့ပါးနေတယ်လို့ ဆိုပါတယ်။

 

အခုစစ်အင်အားဟာ ၁၈၁၅ ခုနှစ်ကဖြစ်ပွားခဲ့တဲ့ နပိုလီးယိုနစ်စစ်ပွဲတွေ စတင်ဖြစ်ပွားခဲ့တဲ့အချိန်ကတည်းက အခုအချိန်အထိ အနည်းဆုံးစစ်အင်အားဖြစ်တယ်လို့ ဆိုပါတယ်။

 

စစ်ဘက်ဆိုင်ရာအခြေခံအဆောက်အဦတွေ မပြည့်စုံမှုနဲ့ မုတ်ဆိတ်/ပါးသိုင်းမွှေးထားတာကို ပိတ်ပင်မှုတို့လို မေးခွန်းထုတ်စရာမူဝါဒတွေကြောင့် အခုလို တပ်ဖွဲ့ဝင်အင်အား သိသိသာသာလျော့နည်းလာတာဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: UK Hiding Critical Shortage of Military Personnel: Former Officials

 

#PeopleMedia


Share this post