တပ်မတော်အနေဖြင့် ဓာတုလက်နက်များကို မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်း ထုတ်ပြန်
PUBLISHED - December 18, 2023
နေပြည်တော်၊ ဒီဇင်ဘာ ၁၈
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်ကို တပ်မတော်က လေကြောင်းဖြင့် နေ့စဉ် ဗုံးကြဲတိုက်ခိုက်လျက်ရှိပြီး ဓါတု လက်နက်ဗုံးများ အသုံးပြုမှုကြောင့် တော်လှန်ရေး ရဲဘော်တချို့ အဆိပ်သင့်တာတွေဖြစ်ခဲ့သည်ဟု မဟုတ်မမှန် ကောလာဟလသတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အဆိုပါသတင်းနှင့်ပတ်သက်၍ တပ်မတော်အနေဖြင့် ဓာတုလက်နက်များကို မည်သည့်တိုက်ပွဲများတွင်မှ အသုံးပြုတိုက်ခိုက်ခဲ့ခြင်းမရှိကြောင်းနှင့် KIA အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်သမားများသည် ၎င်းတို့အဖွဲ့ အကျအဆုံးများပြားလာပါက ထိုကဲ့သို့ မဟုတ်မမှန်သတင်းများကို အကြမ်းဖက်အားပေးမီဒီယာများမှတစ်ဆင့် ဝါဒဖြန့် ထုတ်လွှင့်မှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
တပ်မတော်နေဖြင့် နယ်မြေဒေသလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက်မှုချေမှုန်းရေး စစ်ဆင် ရေးများကို ပြည်သူလူထုနှင့်ပူးပေါင်း၍ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
#PeopleMedia