တပ်မတော်အရာရှိတွေအတွက် အိမ်ရာတွေ တိုးမြှင့်ဆောက်လုပ်ဖို့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာပြော
PUBLISHED - February 26, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၆
ထိုင်းတပ်မတော်အရာရှိတွေရဲ့ ဘဝကို မြှင့်တင်ပေးရာမှာ ၎င်းတို့အတွက် အိမ်ရာအဆောက်အအုံတွေ တိုးမြှင့် ဆောက်လုပ်သွားဖို့ ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က စနေနေ့ (ဖေဖော်ဝါရီ ၂၄ ရက်နေ့) က ကတိပြု ပြောကြားလိုက်ပါတယ်။
ဘန်ကောက်မြို့ ကီယာကိုင်ခရိုင်ထဲမှာ ထိုင်းတပ်မတော်အရာရှိတွေ ဘယ်လိုနေထိုင်ကြတယ်ဆိုတာနဲ့ ၎င်းတို့ ရဲ့လိုလားချက်တွေကို သိရှိဖို့အတွက် အဲဒီခရိုင်ထဲက တော်ဝင်ထိုင်းတပ်မတော်ရဲ့ တိုက်ခန်းတွေ ကို ဆန်းစစ် လေ့လာမှုတစ်ခုလုပ်ပြီးချိန်မှာ ဝန်ကြီးချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
အဲဒီတပ်မတော်အရာရှိတွေနေထိုင်တဲ့နေရာမှာ လူထုစင်တာတွေ၊ ဝိုင်ဖိုင်အင်တာနက်ကွန်ရက်တွေ၊ ကားပတ် ကင်တွေ၊ ဂျင်အားကစားရုံတွေနဲ့ လျှပ်စစ်ကားအားသွင်းစက်တွေ ဆောက်လုပ်တည်ထောင် ပေးဖို့ ဝန်ကြီးချုပ် က အဆိုပြုခဲ့ပါတယ်။
“အခြေခံအားဖြင့်တော့ ၄၅ စတုရန်းမီတာအခန်းတွေဆိုတာ အဆင်ပြေပါတယ်။ ဒါပေမဲ့ နောက်ထပ် ပရိဘောဂ တွေလိုအပ်နေသေးတယ်။ ကွန်မြူနတီစင်တာတွေ၊ ဂျင်အားကစားရုံတွေ၊ လျှပ်စစ်ကားအား သွင်းရုံတွေ၊ သဘာ ဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ အမှိုက်ခွဲခြားသန့်စက်တွေ လိုအပ်နေပါသေးတယ်။” လို့ ဝန်ကြီးချုပ်က ၎င်းရဲ့ Facebook ပို့စ်မှာ ရေးသားထားပါတယ်။
“ကျွန်တော်တို့ဟာ မိမိဆန္ဒအလျောက် စစ်မှုထမ်းစနစ်ကို ကျင့်သုံးနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ တပ်မတော်သားတွေရဲ့ လူမှုဖူလုံရေးနဲ့ ဘဝအရည်အသွေးမြင့်မားရေးအတွက် ဆောင်ရွက်ပေးတာတွေနဲ့ ကျွန် တော်တို့ စတင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။” လို့ ဝန်ကြီးချုပ်ဆရက်ထာက ပြောပါတယ်။
Ref: Srettha vows to improve the residential quarters of military officers
#PeopleMedia