• Follow Us on
Latest News

Home တပ်သားသစ်စုဆောင်းရေးမြှင့်တင်ဖို့ “တပ်မတော်နဲ့အတူ အားလပ်ရက်ယူ” အစီအစဉ်သစ်ကို ပိုလန်အစိုးရ စတင်ဆောင်ရွက်

တပ်သားသစ်စုဆောင်းရေးမြှင့်တင်ဖို့ “တပ်မတော်နဲ့အတူ အားလပ်ရက်ယူ” အစီအစဉ်သစ်ကို ပိုလန်အစိုးရ စတင်ဆောင်ရွက်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၇

 

ဒေသတွင်း မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ရာမှာ နိုင်ငံရဲ့တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ် ကို အားပေးမြှင့်တင်ဖို့အတွက် ပိုလန်အစိုးရက အစီအစဉ်သစ်တစ်ရပ်ကို စတင်ဆောင်ရွက်လိုက်ပါတယ်။

 

“တပ်မတော်နဲ့အတူ အားလပ်ရက်ယူ” (Holidays with the Army) လို့ နာမည်ပေးထားတဲ့ အဲဒီအစီအစဉ်မှာ အ သက် ၁၈ နှစ်ကနေ ၃၅ နှစ်ကြား ပိုလန်နိုင်ငံသားတွေကို ၂၈ ရက်အတွင်း အခြေခံစစ်ပညာသင်ကြားပေး သွားမှာဖြစ်ပါတယ်။ အစီအစဉ်မှာပါဝင်တဲ့လူငယ်အများအပြားဟာ တပ်တော်ထဲဝင်ရောက်ဖို့ အကျုံးဝင်တဲ့ အထက်ကျောင်းပြီးခါစ လူငယ်တွေဖြစ်ပါတယ်။

 

အစီအစဉ်ကို “တပ်မတော်နဲ့အတူ အားလပ်ရက်ယူ” လို့ နာမည်ပေးထားပေမဲ့ သင်တန်းသားတွေဟာ မနက် စောစောထပြီး တိုက်ခိုက်ရေးနဲ့ ကာကွယ်ရေး ကျွမ်းကျင်မှုတွေ လေ့လာသင်ယူနေရတဲ့အတွက် အားလပ်ရက် တစ်ရက်မှ မရသလောက်နီးပါးပဲဖြစ်ပါတယ်။

 

အားလပ်ချိန်မှာ သင်တန်းသားတွေဟာ ၎င်းတို့ရဲ့အိပ်ဆောင်သန့်ရှင်းရေးလုပ်ကြရသလို စစ်စခန်းကနေ တပ် ပြင်ထွက်ခွင့်ပိတ်ပင်ထားပါတယ်။

 

အခြေခံစစ်ပညာသင်တန်းပြီးဆုံးသွားသူတွေဟာ ပိုလန်ငွေ ၆၀၀၀ (၁,၄၉၁ ဒေါ်လာ) ရရှိမယ်လို့ ဆိုပါတယ်။

 

လူဦးရေ ၁၁,၀၀၀ ကျော်က စစ်သင်တန်းတက်ဖို့ ရွေးချယ်ခဲ့ကြတဲ့အတွက် ဒီအစီအစဉ်ကို စိတ်ဝင်စားသူတွေ အများကြီးရှိကြောင်း ပိုလန်ကြည်းတပ် အရာရှိတွေက ပြောပါတယ်။

 

ဒါပေမဲ့ ဆန္ဒပြုသင်တန်းသား ၁၀,၀၀၀ ကျော်ဟာ ပိုလန်နိုင်ငံမှာရှိတဲ့ စစ်စခန်း ၇၀ ကို ပြန့်နှံ့ရောက်ရှိသွားကြ တာ ဖြစ်ပါတယ်။

 

“ပိုလန်တပ်မတော်အနေနဲ့ နိုင်ငံသားတွေကို တတ်နိုင်သမျှ အရေအတွက်များများ စစ်ပညာသင်ကြားလေ့ကျင့် ပေးချင်တာဖြစ်ပါတယ်။ အရှေ့ဘက်ကလာတဲ့ ခြိမ်းခြောက်မှုကို လူတိုင်းသိပါတယ်။” လို့ လော်ဂျစ်စတစ်တပ် ရင်းတပ်မှူး ဗိုလ်မှူးကြီး ပါဝဲလ်ဂလက်ဇ်ကာက ပြောပါတယ်။

 

သင်တန်းပြီးဆုံးတဲ့အချိန်မျာ သင်တန်းတက်ပြီးသူတွေဟာ ပိုလန်တပ်မတော်ထဲကို ဝင်ရောက်နိုင်သလို နယ် ခြားစောင့်တပ်ဖွဲ့ထဲကိုလည်း ဝင်ရောက်နိုင်ပါတယ်။

 

ဒါမှမဟုတ် သင်တန်းတက်ပြီးသူတွေဟာ အရန်တပ်ဖွဲ့ဝင်တွေအနေနဲ့လည်း အသင့်စောင့်ဆိုင်းနေနိုင်ပါတယ်။

 

“တပ်မတော်နဲ့အတူ အားလပ်ရက်ယူ” အစီအစဉ်ဟာ ရုရှားနိုင်ငံက ယူကရိန်းကို ဝင်ရောက်တိုက်ခိုက်ပြီး ဒေသ တွင်း ခြိမ်းခြောက်မှုတွေ မြင့်တက်လာတဲ့အချိန်မှာ ၁၉၈၀၀ ရှိတဲ့ တပ်မတော်အင်အားကို တိုးချဲ့ဖို့အတွက် ပိုလန်အစိုးရရဲ့ ကြိုးပမ်းမှုတွေထဲက အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါတယ်။

 

ရုရှားက ယူကရိန်းကို အနိုင်ရသွားရင် နောက်ထပ်ပစ်မှတ်က မိမိတို့နိုင်ငံဖြစ်လာမှာ စိုးရိမ်တဲ့အတွက် ပိုလန်နိုင် ငံဟာ ကာကွယ်ရေးအသုံးစရိတ်ကိုလည်း သိသိသာသာ တိုးမြှင့်ခဲ့ပါတယ်။

 

Ref: Poland Launches ‘Holidays with the Army’ Program to Boost Recruitment

 

#PeopleMedia


Share this post