• Follow Us on
Latest News

Home တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်အတွက် AI နည်းပညာသုံးဆော့ဖ်ဝဲကို အမေရိကန်ကြည်းတပ် အသုံးပြု

တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်အတွက် AI နည်းပညာသုံးဆော့ဖ်ဝဲကို အမေရိကန်ကြည်းတပ် အသုံးပြု

Share this post

နိုင်ငံတကာ၊ စက်တင်ဘာ ၂၇

 

တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ် အဆင့်မြှင့်တင်ဖို့နဲ့ ဗျူရိုကရက်တစ်လုပ်ထုံးလုပ်နည်းတွေ ပိုမိုအဆင် ပြေချောမွေ့စေဖို့အတွက် အမေရိကန်ကြည်းတပ်ဟာ လက်ရှိအချိန်မှာ ဉာဏ်ရည်တုနည်းပညာခေါ် AI နည်း ပညာကို အသုံးပြုနေပါတယ်။

 

Recruit 360 လို့ နာမည်ပေးထားတဲ့ AI နည်းပညာဆော့ဖ်ဝဲကြောင့် အမေရိကန်ကြည်းတပ်ဟာ ထောက်လှမ်း ရေးနည်းစနစ် ထောင်ပေါင်းများစွာကို အသုံးပြုပြီး တပ်မတော်တွင်းဝင်ရောက်လာနိုင်သူတွေနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို အသေးစိတ် ခွဲခြားစိတ်ဖြာလေ့လာနိုင်တယ်လို့ ဆိုပါတယ်။

 

တပ်မတော်ထဲကိုဝင်ရောက်ဖို့ ဆန္ဒရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သူတွေရဲ့ စာရင်းကို အဆင့်မြင့်မြင့် ခွဲခြာ.း သတ်မှတ်နိုင်တယ်လို့ဆိုပါတယ်။

 

နည်းပညာသစ်အကူအညီကြောင့် အမေရိကန်ကြည်းတပ်ဟာ အသက် ၁၈ နှစ်အရွယ် လူငယ်တွေကို ကျပန်း ရွေးချယ်တာမျိုးမလုပ်တော့ဘဲ အဆိုပါ အဆင့်မြင့်ခွဲခြားသတ်မှတ်ထားတဲ့ စာရင်းထဲမှာပါတဲ့လူငယ်တွေကိုသာ တိုက်ရိုက်ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

 

“ကျပန်းရွေးချယ်ရတာ အချိန်အရမ်းကုန်ပြီး တပ်သားသစ်စုဆောင်းရေးဌာနကိုလည်း ဝန်ပိစေပါတယ်။ အခု အချိန်ကစပြီး အဲဒီစနစ်ကို စွန့်လွှတ်ပြီး တိုင်းပြည်တာဝန်ထမ်းဆောင်ဖို့ အလားအလာရှိတဲ့သူတွေနဲ့ စိတ်ဝင် စားတဲ့သူတွေကိုသာ ရွေးချယ်ခေါ်ဆိုနိုင်ဖို့အတွက် AI နည်းပညာအကူအညီနဲ့ ရွေးချယ်မှုကို သန့်စင်ခွဲခြားလို့ ရသွားပါပြီ။” လို့ အမေရိကန်ကြည်းတပ် တပ်သားသစ်စုဆောင်းရေးဌာနချုပ်အရာရှိ ဗိုလ်ချုပ်ဂျော်နီဒေးဗစ်က ပြောပါတယ်။

 

လက်ရှိအချိန်မှာ မြို့ကြီး ငါးမြို့မှာ Recruit 360 AI ဆော့ဖ်ဝဲကို အသုံးပြုနေပြီး ရလဒ်ကောင်းတွေ ရရှိနေ တယ်လို့ ဆိုပါတယ်။ ရည်ရွယ်ချက်ကတော့ အမေရိကန်နိုင်ငံတစ်ဝန်း AI နည်းပညာအထောက်အကူပြု တပ်သားသစ်ရှာဖွေစု ဆောင်းရေးလုပ်ငန်းကို ဆောင်ရွက်သွားဖို့ပဲဖြစ်ပါတယ်။

 

တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ်မှာ အထောက်အကူဖြစ်စေဖို့အတွက် အခုလို AI နည်းပညာကို အသုံး ပြုဖို့ ၂၀၂၃ ခုနှစ်မှာ အမေရိကန်ကြည်းတပ် အတွင်းဝန် ခရစ္စတိန်းဝိုးမတ်က အကြံပြုခဲ့တာဖြစ်ပါတယ်။

 

“ကျွန်မတို့တပ်မတော်ရဲ့ တပ်သားသစ်စုဆောင်းရေးလုပ်ငန်း မြှင့်တင်ဖို့ နည်းလမ်းသစ်တွေကို ကျွန်မတို့ ရှာ ဖွေနေစဉ်အတွင်းမှာပဲ AI နည်းပညာက ကျွန်မတို့ကို ကူညီနိုင်တဲ့ နည်းလမ်းတွေ ရှိနေနိုင်ပါတယ်။ လူတွေ အားလုံးဟာ ဒီအလုပ်လုပ်ဖို့ ကျွမ်းကျင်မှုမရှိတာကို သိမှာပါ။ အဲဒီအထဲက သင့်တော်တဲ့ အရည်အချင်းရှိသူတွေ ကို ခွဲခြားဖော်ထုတ်နိုင်ဖို့အတွက် AI နည်းပညာကို အသုံးပြုနိုင်ပါတယ်။” လို့ ၎င်းက DefenseScoop စစ် သတင်းဌာနကို ပြောပါတယ်။

 

တပ်သားသစ်ရွေးချယ်ရာမှာ AI နည်းပညာက ဘယ်လိုအထောက်အကူပြုတယ်ဆိုတာကို ၎င်းက အသေးစိတ် ပြောကြားခြင်းမရှိပေမဲ့ AI နည်းပညာဟာ စိတ်ဝင်စားသူတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်အများအ ပြားကို ခွဲခြမ်းစိတ်ဖြာနိုင်သလို စိတ်ဝင်စားမှုတွေကိုလည်း ခွဲခြားဖော်ထုတ်နိုင်ဖွယ်ရှိကြောင်း နည်းပညာ ကျွမ်း ကျင်သူတွေက ပြောပါတယ်။

 

AI နည်းပညာဟာ တပ်သားသစ်စုဆောင်းရေးကို အထောက်အကူပြုနိုင်တာ သေချာပေမဲ့လည်း အဲဒီလုပ်ငန်း စဉ်ကိုတော့ လူသားက ကြီးကြပ်ပေးဖို့ လိုအပ်ကြောင်း ကြည်းတပ်ဦးစီးချုပ်ဟောင်း ဂျိမ်းစ်မက်ကွန်ဗေးလ်က ပြောပါတယ်။

 

အမေရိကန်ကြည်းတပ်သာမက ဗြိတိန်ကြည်းတပ်ကလည်း ၎င်းတို့ရဲ့ တပ်သားသစ်စုဆောင်းရေးလုပ်ငန်းစဉ် မှာ AI နည်းပညာကို လက်ခံကျင့်သုံးနေပြီဖြစ်ရာ လုပ်ငန်းစဉ်အချိန်ကြန့်ကြာမှုအတွက် ၂၅% လျှော့ချနိုင် တယ်လို့ ဆိုပါတယ်။

 

Ref: US Army Employs AI to Refine Recruitment Process

 

#PeopleMedia


Share this post