• Follow Us on
Latest News

Home တပ်သားသစ်စုဆောင်းရေးအခက်အခဲကြောင့် နိုင်ငံခြားသားတွေကို စစ်မှုထမ်းဆောင်ခွင့်ပြုဖို့ ဂျာမန်အစိုးရ စဉ်းစားနေ

တပ်သားသစ်စုဆောင်းရေးအခက်အခဲကြောင့် နိုင်ငံခြားသားတွေကို စစ်မှုထမ်းဆောင်ခွင့်ပြုဖို့ ဂျာမန်အစိုးရ စဉ်းစားနေ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၅

 

လက်ရှိကြုံတွေ့နေရတဲ့ တပ်သားသစ်စုဆောင်းရေးအခက်အခဲကို ဖြေရှင်းဖို့အတွက် ဂျာမန်တပ်မတော်ထဲကို နိုင်ငံခြားသားတွေ ဝင်ရောက်ခွင့်ပြုဖို့ ဂျာမနီနိုင်ငံက စဉ်းစားနေကြောင်း သိရပါတယ်။

 

ဒေသတွင်းခြိမ်းခြောက်မှုတွေ မြင့်တက်လာချိန်မှာ နောက်ထပ် တပ်ဖွဲ့ဝင်အင်အား ၂၀၀၀၀ စုဆောင်းဖို့ အစိုးရ ချမှတ်ထားတဲ့အစီအစဉ်အတိုင်း အခုလို နိုင်ငံခြားသားတွေကို တပ်ထဲဝင်ရောက်ခွင့်ပြုဖို့ စဉ်းစားနေတာဖြစ်ပါ တယ်။ ဂျာမန်ဥပဒေအရ ဂျာမနီနိုင်ငံသားတွေသာ တပ်မတော်ထဲဝင်ရောက်ခွင့်ရှိပါတယ်။

 

ဂျာမနီနိုင်ငံသားမဟုတ်ပေမဲ့ ဂျာမနီနိုင်ငံမှာ မွေးဖွားကြီးပြင်းသူတွေကိုလည်း တချို့တပ်တွေကို ဝင်ရောက် တာဝန်ထမ်းဆောင်ခွင့်ပြုထားပါတယ်။

 

အခုစဉ်းစားနေတဲ့အစီအစဉ်ကို ခွင့်ပြုလိုက်ပြီဆိုရင် ဂျာမန်တပ်မတော်ထဲမှာတာဝန်ထမ်းဆောင်ဖို့အတွက် ဥရောပနိုင်ငံတွေက နိုင်ငံသားတွေကို ဂျာမန်အစိုးရက ဦးစားပေးလက်ခံသွားမယ်လို့ ဆိုပါတယ်။

 

ဒါပေမဲ့ ဗြိတိန်၊ ဆွစ်ဇာလန်နဲ့ နေတိုးအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံသားတွေကိုလည်း လက်ခံသွားမယ့်ဖြစ်နိုင်ခြေအ ခွင့်အလမ်းကိုလည်း ဂျာမန်အစိုးရက စဉ်းစားထားတယ်လု့ိ ဆိုပါတယ်။

 

ဂျာမန်တပ်ဖွဲ့ဝင်တွေ စစ်တန်းလျားတွေမှာ ဆိုးရွားလွန်းလှစွာနေထိုင်ရတဲ့ အခြေအနေမျိုးအပါအဝင် အကြောင်း အမျိုးမျိုးကြောင့် ဂျာမန်တပ်မတော်အနေနဲ့ တပ်သားသစ်တွေကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ ကြိုးစားရုန်းကန်နေရ ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပါတယ်။

 

အခုလို နိုင်ငံခြားသားတွေကို လက်ခံဖို့စဉ်းစားတဲ့အတွေးဟာ အတိုက်အခံပါတီက အမတ်တွေအပါအဝင် လွှတ်တော်အမတ်တချို့က အကြံပေးခဲ့တာလို့ ဆိုပါတယ်။

 

ဒါပေမဲ့ ဒီအဆိုပြုချက်ဟာ ဂျာမန်လွှတ်တော်ကိုရောက်ရှိလာပြီဆိုရင်တော့ ဥပေဒနဲ့အညီ လွှတ်တော်မှာ စစ် ဆေးခံရဦးမှာဖြစ်ကြောင်း လွှတ်တော်ကာကွယ်ရေးကော်မတီဥက္ကဋ္ဌ မာရီးအန်းညက်စထရက်ဇမ်မာမန်း က ပြောပါတယ်။

 

၎င်းရဲ့ ဇာတိမြို့ဖြစ်တဲ့ ဒပ်ဆယ်ဒေါ့ဖ်မှာ ဂရိလူမျိုး ၁၀,၀၀၀ ကျော်နေထိုင်တာကိုရည်ညွှန်းကိုးကားရင်း ဒီကိစ္စ နဲ့ပတ်သက်ပြီး ပိုပြီးကျယ်ကျယ်ပြန့်ပြန့်တွေးဖို့ လွှတ်တော်အမတ်တွေကို ၎င်းက တိုက်တွန်းပါတယ်။

 

“ဂျာမန်တပ်မတော်ထဲဝင်ရောက်အမှုထမ်းနေတာလို့ ကျွန်မကိုယ်ကျွန်မ တွေးကြည့်နိုင်တယ်လို့ တစ်ယောက် ယောက်က ပြောလာခဲ့ရင် အဲဒီဖြစ်နိုင်ခြေတွေကို စစ်ဆေးလေ့လာသင့်တယ်လို့ ကျွန်မအနေနဲ့ စဉ်းစားမှာဖြစ် ပါတယ်။” လို့ စထရက်ဇမ်မာမန်းက ပြောပါတယ်။

 

တပ်မတော်ထဲမှာ နိုင်ငံခြားသားတွေကို စစ်မှုထမ်းဆောင်ခွင့်ပြုတာဟာ ဥရောပမှာ မူဝါဒအသစ်တစ်ရပ်တော့ မဟုတ်ပါဘူး။

 

ဒိန်းမတ်နိုင်ငံဟာ ၎င်းတို့နိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ခွင့်/နေထိုင်ခွင့်ရရှိထားတဲ့ နိုင်ငံခြားသားတွေကိုလည်း ဒိန်းမတ်တပ်မတော်မှာ စစ်မှုထမ်းဆောင်ခွင့်ပြုထားပါတယ်။

 

ပြင်သစ်နိုင်ငံကလည်း အသက် ၁၇ နှစ်ကနေ ၄၀ အထိရှိတဲ့ နိုင်ငံခြားသားတွေအနေနဲ့ ခက်ခဲကြမ်းတမ်းတဲ့ သင်တန်းတွေတက်ရောက်နိုင်တယ်ဆိုရင် ပြင်သစ်တပ်မတော်မှာ စစ်မှုထမ်းဆောင်ခွင့်ပြုထားပါတယ်။

 

ဆလိုဗက်ကီးယားနိုင်ငံကလည်း ၎င်းတို့နိုင်ငံမှာ အမြဲတမ်းနေထိုင်ခွင့်ရထားတဲ့ နိုင်ငံခြားသားဖြစ်စေ ဆလို ဗက်ကီးယားနိုင်ငံက ကာကွယ်ရေးအဖွဲ့ဝင်အဖြစ်ပါဝင်ထားတဲ့နိုင်ငံတစ်နိုင်ငံက နိုင်ငံခြားသားဖြစ်စေ ဆလို ဗက်ကီးယားတပ်မတော်မှာ စစ်မှုထမ်းဆောင်ခွင့်ပြုထားပါတယ်။

 

ယူကရိန်းမှာဖြစ်နေတဲ့စစ်ပွဲဟာ လာမယ့်နှစ်တွေအထိ စစ်ရှိန်မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ ဂျာမနီနိုင်ငံက ယူ ဆထားကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

“ရုရှားသမ္မတဗလာဒီမာပူတင်ဟာ တစ်နေ့နေ့မှာ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံကို တိုက်ခိုက်လာလိမ့်မယ်ဆို တာကို ကျွန်တော်တို့ ထည့်သွင်းစဉ်းစားထားဖို့ လိုပါတယ်။ အဲဒီလိုကာလဟာ လာမယ့် ငါးနှစ်ကနေ ရှစ်နှစ် အတွင်းလောက်မှာဖြစ်လာနိုင်တယ်လို့ ကျွန်တော်တို့ရဲ့ စစ်ရေးကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။” လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

Ref: Germany Weighs Enlisting Foreigners in Military amid Recruitment Woes

 

#PeopleMedia


Share this post