တပ်သားသစ်စုဆောင်းရေးအခက်အခဲကြောင့် ကာကွယ်ဆေးမထိုးချင်လို့ တပ်ကထွက်သွားတဲ့ စစ်သည် ဟောင်းတွေကို ပြန်လည်ခေါ်ယူဖို့ အမေရိကန်ကြည်းတပ် ဆောင်ရွက်နေ
PUBLISHED - November 21, 2023
နိုင်ငံတကာ၊ နိုဝင်ဘာ ၂၁
အမေရိကန်ကြည်းတပ်ဟာ တပ်သားသစ်စုဆောင်းရေးစိန်ခေါ်မှုတွေနဲ့ ကြိုးစားရုန်းကန်နေရတဲ့အတွက် ကိုဗစ် ၁၉ ကပ်ရောဂါကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆိုလို့တပ်ကနုတ်ထွက်ခွင့်ပြုထားတဲ့ စစ်သည်ဟောင်းတွေကို ပြန် လည်ခေါ်ယူဖို့ ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ကိုဗစ်ကာကွယ်ဆေးထိုးဖို့ငြင်းဆန်ခဲ့တဲ့ တပ်ဖွဲ့ဝင်ဟောင်း ၁၉၀၀ ကို တပ်မတော်ကိုဘယ်လိုပြန်လည်ဝင် ရောက်ရမယ်ဆိုတဲ့ညွှန်ကြားချက်တွေနဲ့အတူ အကြောင်းကြားစာတွေ ပေးပို့ခဲ့တယ်လို့ အမေရိကန် အွန်လိုင်း မီဒီယာတစ်ခုဖြစ်တဲ့ Task & Purpose က ဖော်ပြထားပါတယ်။
ပြန်လည်ဝင်ရောက်လာမယ့် စစ်သည်ဟောင်းတွေကို သက်ဆိုင်ရာစုဆောင်းရေးအရာရှိနဲ့ဆက်သွယ်ပြီး ကြည်း တပ်နုတ်ထွက်ခွင့်ပြန်လည်စိစစ်ရေးဘုတ်အဖွဲ့ ဒါမှမဟုတ် ကြည်းတပ် စစ်ဘက်ဆိုင်ရာကိုယ်ရေးမှတ်တမ်းပြန် လည်ပြင်ဆင်ရေးဘုတ်အဖွဲ့က တစ်ဆင့် ၎င်းတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေကို ပြန်လည်ပြင်ဆင်ဖို့ ညွှန်ကြား ထားပါတယ်။
“လက်ရှိဆောင်ရွက်နေတဲ့ COVID-19 ကာကွယ်ဆေးထိုးနှံခြင်းလိုအပ်ချက်တွေအားလုံးကို ပယ်ဖျက်လိုက်တဲ့ ရလဒ်အဖြစ် ကာကွယ်ဆေးထိုးနှံဖို့ ငြင်းဆန်ခဲ့လို့ တပ်မတော်ကနေ ခွဲခွာသွားခဲ့ရတဲ့ စစ်သည်ဟောင်းတွေအနေ နဲ့ ၎င်းတို့ရဲ့စစ်ဘက်ဆိုင်ရာကိုယ်ရေးမှတ်တမ်းတွေကို ပြန်လည်ပြင်ဆင်ခွင့်ရရှိမှာဖြစ်ပါတယ်။” လို့ အဲဒီစာထဲ မှာ ဖော်ပြထားပါတယ်။
ပြန်လည်ဝင်ရောက်လာမယ့် စစ်သည်ဟောင်းတွေကို ၎င်းတို့ရဲ့ မူလမိခင်တပ်ရင်းတပ်ဖွဲ့တွေမှာ ပြန်လည်တာ ဝန်ချထားမှာလား၊ တခြားတပ်ရင်းတွေမှာ တာဝန်ချထားမှာလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေး ဘူးလို့ ဆိုပါတယ်။
ကိုဗစ်ကာကွယ်ရေးမထိုးမနေရအမိန့်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီးကတည်းက ဆေးမထိုးချင်လို့ တပ်ကနုတ်ထွက်သွားတဲ့ စစ်သည် ၈၀၀၀ ထဲက ၄၃ ဦး ပြန်လည်ဝင်ရောက်လာခဲ့ပြီလို့ သိရ ပေမဲ့ ကြည်းတပ်မှာတော့ စစ်သည် ၁၉ ဦးသာ ပြန်လည်ဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။
ငယ်ရွယ်နုပျိုတဲ့စစ်သည်ဟောင်းတွေဟာ တပ်မတော်ထဲပြန်လည်ဝင်ရောက်ဖို့ စိတ်မဝင်စားတော့ဘဲ တခြား အ လုပ်အကိုင်အခွင့်အလမ်းတွေကို ရှာဖွေတွေ့ရှိထားပုံရတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
အသက်ပိုကြီးတဲ့စစ်သည်တွေကလည်း ဆေးမထိုးချင်လို့ တပ်မတော်ကနေ နုတ်ထွက်ခွင့်ပြုလိုက်တာဟာ စော စောစီးစီး အနားယူခွင့်ရတာပဲလို့ ရှုမြင်ထားပုံရကြောင်း CNN က ပြောပါတယ်။
“တချို့တပ်ဖွဲ့ဝင်တွေက သူတို့နည်းသူတို့ဟန်နဲ့ တပ်ကထွက်ဖို့ ပြင်ဆင်ခဲ့ကြပါတယ်။ သူတို့ ကာကွယ်ရေးမထိုး ချင်ကြသလို ဘာမှလည်းဂရုမစိုက်ကြဘူး။ အဲဒီဦးရေဟာ စာရင်းအချက်အလက်တွေကို ကိုယ်စားပြုတဲ့အထဲက သိသာထင်ရှားတဲ့အချိုးအစားတစ်ခုလို့ ကျွန်မထင်ပါတယ်။” လို့ အမေရိကန်သစ်လုံခြုံရေးစင်တာရဲ့ ညွှန်ကြား ရေးမှူး ကိတ်ကဇ်မင်စကီက ပြောပါတယ်။
အမေရိကန်ကြည်းတပ်အနေနဲ့ အခုနှစ်အတွင်း တပ်သားသစ်အင်အား ၆၅,၀၀၀ စုဆောင်းဖို့ သတ်မှတ်ထားပေ မဲ့ ရည်မှန်းချက်ပြည့်မီဖို့ တပ်သားသစ်အင်အား ၁၀,၀၀၀ ဝန်းကျင်လိုအပ်ခဲ့ကြောင်း ပြီးခဲ့တဲ့လက ကြည်းတပ်က ကြေညာခဲ့ပါတယ်။
ကြည်းတပ်ဟာ ပြီးခဲ့တဲ့နှစ်ကလည်း တပ်သားသစ်အင်အား ၆၀,၀၀၀ စုဆောင်းဖို့ ရည်မှန်းချက်ချမှတ်ခဲ့ပေမဲ့ ၄၅,၀၀၀ ဝန်းကျင်သာ စုဆောင်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းတွေ ကျပ်တည်းနေတဲ့ကြားထဲက Generation Z လူငယ်တွေဟာ တပ်မတော်ထဲ ဝင်ဖို့ စိတ်ဝင်စားမှုမရှိလို့ အခုလို သတ်မှတ်ရည်မှန်းချက်အင်အားပြည့်မီအောင် မစုဆောင်းနိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။
တပ်သားသစ်စုဆောင်းရေးအခက်အခဲတွေကြောင့် အမေရိကန်ကြည်းတပ်ဟာ တပ်သားသစ်စုဆောင်းရေး မဟာဗျူဟာကို အလုံးစုံပြုပြင်ပြောင်းလဲရေးလုပ်ဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။
အလျင်အမြန်ပြောင်းလဲလာတဲ့ လုပ်သားဈေးကွက်ကို ကိုင်တွယ်ဆောင်ရွက်ဖို့အတွက် အထက်တန်းကျောင်း ပြီးခါစလူငယ်တွေထက် ကောလိပ်တကရောက်နေဆဲလူငယ်တွေကို ပိုမိုအာရုံစိုက် စည်းရုံးစုဆောင်းသွားမှာ ဖြစ်ကြောင်း ကြည်းတပ်က ပြောပါတယ်။
Ref: US Army Wants Relieved Anti-Vaccine Soldiers Back as Recruitment Woes Loom
#PeopleMedia