• Follow Us on
Latest News

Home တပ်သားသစ်စုဆောင်းရေးအစီအစဉ်သစ်တစ်ခု ယူကရိန်းဆောင်ရွက်မည်

တပ်သားသစ်စုဆောင်းရေးအစီအစဉ်သစ်တစ်ခု ယူကရိန်းဆောင်ရွက်မည်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၃၁

 

ရုရှားတပ်တွေက သတ္တုတွင်းလုပ်ငန်းအဓိကမြို့ဖြစ်တဲ့ ဆယ်လီဒိုမြို့ကို သိမ်းပိုက်လိုက်သလို မြောက်ကိုရီးယား တပ်ဖွဲ့ဝင်တွေ ရုရှားပိုင်ကာ့စ်ခ်ဒေသမှာရောက်ရှိနေကြောင်း အမေရိကန်က ပြောဆိုခဲ့ပြီးနောက် ယူကရိန်းအစိုး ရက တပ်သားသစ်စုဆောင်းရေးအစီအစဉ်သစ်တစ်ခုကိုဆောင်ရွက်ဖို့ အင်္ဂါနေ့ (အောက်တိုဘာ ၂၉ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

မကြာသေးခင်သီတင်းပတ်တွေအတွင်း ဒွန်းညက်ဒေသ အရှေ့ပိုင်းမှာ ထိုးစစ်တွေ အောင်မြင်လာတဲ့ ရုရှားနိုင်ငံ က ဆယ်လီဒိုမြို့ကို အပြီးတိုင်သိမ်းပိုက်နိုင်ခဲ့ကြောင်း အင်္ဂါနေ့က ပြောပါတယ်။

 

လူဦးရေ ၂၁၀၀၀ ဝန်းကျင် ရှိတဲ့ ဆယ်လီဒိုမြို့က ယူကရိန်းပြည်သူတွေဟာ ရုရှားရဲ့ ဒရုန်းနဲ့ ရောကက့်တွေ တိုက်ခိုက်မှုကြောင့် မြို့ကို စွန့်ခွာထွက်ပြေးသွားကြပြီဖြစ်ပါတယ်။

 

မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားရောက်ရှိနေတဲ့ သတင်းတွေကြောင့် ယူကရိန်းနဲ့ အနောက်နိုင်ငံတွေက ပိုမိုစိုးရိမ်ပူပန်နေကြပါတယ်။

 

ယူကရိန်းတပ်တွေထိန်းချုပ်ထားတဲ့ ရုရှားပိုင် ကာ့စ်ခ်ဒေသမှာ မြောက်ကိုရီးယားတပ်ဖွဲ့အင်အား အနည်းငယ် ရောက်ရှိနေကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောပါတယ်။

 

ယူကရိန်းသမ္မတဗလာဒီမာဇီလန်စကီးနဲ့ တောင်ကိုရီးယားသမ္မတတို့ အင်္ဂါနေ့က စကားပြောဆိုခဲ့ပြီး ပိုမို ပူး ပေါင်းဆောင်ရွက်ဖို့ သဘောတူညီခဲ့ကြပါတယ်။

 

ယူကရိန်းနိုင်ငံဟာ မကြာသေးခင်လတွေအတွင်း စစ်သည်အင်အားလျော့ပါးမှု ပြန်လည်ဖြည့်တင်းရေးအတွက် အပြင်းအထန် ရုန်းကန်နေရပါတယ်။

 

ယူကရိန်းတပ်မတော်အနေနဲ့ နောက်ထပ် တပ်ဖွဲ့ဝင်အင်အား ၁၆၀၀၀၀ ထပ်မံစုဆောင်းဖို့ စီစဉ်ထားကြောင်း ယူကရိန်းအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး အလက်ဇန္ဒားလတ်ဗန်နင်ကိုက လွှတ်တော်မှာ အင်္ဂါနေ့ က ပြောကြားခဲ့ပါတယ်။

 

တပ်သားသစ်စုဆောင်းရေးအစီအစဉ်ကို သုံးလအတွင်း ဆောင်ရွက်သွားမှာဖြစ်ကြောင်း AFP သတင်းရင်းမြစ် တစ်ဦးက ပြောပါတယ်။

 

ဒွန်းညက်ဒေသရဲ့ သုံးပုံနှစ်ပုံဖြစ်တဲ့ ၃၂၄ စတုရန်းကီလိုမီတာ အကျယ်အဝန်းရှိဒေသကို ရုရှားတပ်တွေက သိမ်း ပိုက်ထားတယ်လို့ ဆိုပါတယ်။

 

သမ္မတဇီလန်စကီးက မြောက်ကိုရီးယားတပ်ဖွဲ့ဝင်တွေ ရုရှားမှာ တပ်ဖြန့်ချထားတာနဲ့ ပတ်သက်ပြီး ၎င်းအနေနဲ့ တောင်ကိုရီးယားသမ္မတယွန်ဆောက်ယုန်နဲ့ ဆွေးနွေးခဲ့ပြီးဖြစ်ကြောင်း ပြောပါတယ်။

 

“အခြေအနေက ရှင်းပါတယ်။ ဒီစစ်ပွဲဟာ နှစ်နိုင်ငံဖြစ်ပွားနေတဲ့အဆင့်ထက် ကျော်လွန်ပြီး နိုင်ငံတကာနဲ့ ပတ် သက်ဆက်နွယ်တဲ့စစ်ပွဲဖြစ်လာပါပြီ။” လို့ ဇီလန်စကီးက တောင်ကိုရီးယားသမ္မတကို ပြောပါတယ်။

 

ယူကရိန်းစစ်ပွဲမှာ မြောက်ကိုရီးယားတပ်ဖွဲ့တွေ အခုလို ပါဝင်ပတ်သက်လာတာဟာ မျှော်လင့်မထားသလို အန္တရာယ်လည်းကြီးကြောင်း၊ ရုရှားကနေ မြောက်ကိုရီးယားနိုင်ငံအတွက် အရေးကြီးတဲ့စစ်ဘက်ဆိုင်ရာနည်း ပညာတွေ လွှဲပြောင်းပေးနိုင်သလို တိုက်ပွဲအတွေ့အကြုံတွေလည်း မျှဝေပေးနိုင်ကြောင်း တောင်ကိုရီးယား သမ္မတ ယွန်ဆောက်ယုန်က ပြောပါတယ်။

 

တင်းမာမှုတွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် တောင်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ ကို ယူကရိန်းနိုင်ငံက မကြာခင် လက်ခံဆွေးနွေးသွားမှာဖြစ်ကြောင်း ယူကရိန်းသမ္မတရုံး ထိပ်တန်းအရာရှိတစ် ဦးက ပြောပါတယ်။

 

Ref: Kyiv Announces New Mobilization Drive as Russia Advances

 

#PeopleMedia


Share this post