• Follow Us on
Latest News

Home တပ်သားသစ်စုဆောင်းရေး ဂျာမန်စစ်တပ် အခက်တွေ့နေ

တပ်သားသစ်စုဆောင်းရေး ဂျာမန်စစ်တပ် အခက်တွေ့နေ

Share this post

နိုင်ငံတကာ၊ သြဂုတ် ၄

 

ယူကရိန်းစစ်ပွဲဖြစ်ပွားလာပြီးနောက် ဂျာမန်စစ်တပ်ကို အလုံးစုံပြန်လည်ပြုပြင်ဖို့ ကြိုးပမ်းနေစဉ်အတွင်း ဂျာမန် စစ်တပ်အနေနဲ့ တပ်သားသစ်စုဆောင်းရာမှာ အခက်အခဲများစွာ ရင်ဆိုင်တွေ့ကြုံနေရကြောင်း ဂျာမန်ကာကွယ် ရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့ (သြဂုတ်လ ၂ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

ဂျာမန်စစ်တပ်ဟာ အရင်းအမြစ်ချို့တဲ့မှု၊ ဘတ်ဂျက်မလောက်ငှမှုတွေနဲ့ ရင်ဆိုင်နေရတာ နှစ်ပေါင်းများစွာကြာ မြင့်နေပြီဖြစ်ပေမဲ့ ယူကရိန်းစစ်ပွဲ စတင်ဖြစ်ပွားလာချိန်မှာတော့ ဂျာမန်ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ပေး ဖို့ အဓိပတိအိုလက်ရှှိုးက ကတိပြုခဲ့ပါတယ်။

 

ဒါပေမဲ့ အဓိကစိန်ခေါ်မှုဟာ နောက်ထပ်မျိုးဆက်သစ် တပ်သားသစ်တွေစုဆောင်းရေးပဲဖြစ်ကြောင်း ကာကွယ် ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က စတက်ဂတ်မြို့မှာရှိတဲ့ တပ်စခန်းတစ်ခုကို သွားရောက်စဉ်မှာ ပြောကြား ခဲ့ပါတယ်။

 

“ဂျာမန်တပ်မတော်မှာ တပ်ဖွဲ့ဝင်မလုံလောက်တာကို လူတိုင်းကတော့ ပြောနေကြတာပါပဲ။ ဒါပေမဲ့ ပြောသာ ပြောနေတာ အခြေအနေမှန်ကို ဘယ်သူမှ ကျွန်တော့်ထက် ပိုမသိနိုင်ပါဘူး။ ပြီးခဲ့တဲ့နှစ်နဲ့ နှိုင်းယှဉ်ရင် ဂျာမန် တပ်မတော်ထဲဝင်ဖို့ လျှောက်ထားလာသူဟာ ခုနစ်ရာခိုင်နှုန်းပဲရှိတော့တယ်။” လို့ ၎င်းကပြောပါတယ်။

 

စစ်သင်တန်းတက်ရောက်နေစဉ်အတွင်း နုတ်ထွက်/ထွက်ပြေးသွားသူတွေကလည်း ၃၀ ရာခိုင်နှုန်းရှိတယ်လို့ ၎င်းက ပြောပါတယ်။

 

ဂျာမန်စစ်တပ်အနေနဲ့ ထောက်ပံ့မှုအလုံးစုံ ဘာမှမရှိသလောက်ဖြစ်သလို စစ်တန်းလျားအဆောင်တွေကလည်း ဆိုးရွားလှတဲ့အခြေအနေမှာရှိနေကြောင်း ထိပ်တန်းလွှတ်တော်အမတ်တစ်ဦးက မတ်လအတွင်းက ပြောကြားခဲ့ တဲ့အချိန်မှာ ဂျာမန်စစ်တပ်ရင်ဆိုင်နေရတဲ့ တကယ့်ပြဿနာတွေ ဘူးပေါ်သလိုပေါ်လာတယ်လို့ဆိုပါတယ်။

တချို့စစ်သည်အိပ်ဆောင်တွေမှာဆိုရင် Wi-Fi ပေးထားတာမရှိတဲ့အပြင် အိမ်သာတောင်မရှိဘူးလို့ ဂျာမန် စစ်တပ်ကို စစ်ဆေးဖို့ တာဝန်ယူထားရတဲ့ ဂျာမန်လွှတ်တော်အမတ် အီဗာဟိုဂိုက ပြောပါတယ်။

 

ဂျာမန်တပ်မတော်ကိုအလုံးစုံပြုပြင်ဖို့ အစိုးရရဲ့ကြိုးပမ်းမှုအဖြစ် အထူးဘတ်ဂျက်ယူရိုငွေ ဘီလျံ ၁၀၀ (ဒေါ်လာ ဘီလျံ ၁၁၀) ခွင့်ပြုပေးခဲ့ပေမဲ့ ဗျူရိုကရက်ကြီးစိုးပြီး နှောင့်နှေးကြန့်ကြာလှတဲ့ဆုံးဖြတ်ချက်ကြောင့် ၂၀၂၂ ခုနှစ် အတွင်းမှာ အဲဒီဘတ်ဂျက်ကို တစ်ပြားတစ်ချပ်မှ မသုံးရသေးဘူးလို့ ဟိုဂိုက ပြောပါတယ်။

 

တပ်သားသစ်စုဆောင်းတဲ့အခါ မျိုးဆက်သစ်လူငယ်တွေဟာ ချိန်ညှိဖို့ခက်ခဲတဲ့ အတိတ်ကာလက စစ်ဘက်ဆိုင် ရာအသက်မွေးဝမ်းကျောင်းအလုပ်တွေထက် စစ်သားဘဝချိန်ညှိမှုကို ပိုမိုစိုးရိမ်ပူပန်နေကြကြောင်း ပစ္စတိုးရီး ယပ်စ်က ပြောပါတယ်။

 

တဖြည်းဖြည်း သက်ကြီးရွယ်အိုတွေများလာတဲ့ ဂျာမန်လူမှုအသိုင်းအဝိုင်းကြောင့် စက်မှုလုပ်ငန်းအများအပြားမှာ လုပ်သားပြတ်လပ်မှုတွေနဲ့ ကြုံတွေ့နေရသလို အထူးသဖြင့် တပ်မတော်အတွက် တပ်သားသစ်စုဆောင်းရေးမှာ လည်း အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

 

“၂၀၅၀ ပြည့်နှစ်မတိုင်ခင်မှာ ကျွန်တော်တို့တပ်မတော်မှာ အသက် ၁၅ နှစ်နဲ့ ၂၄ နှစ်ကြား လူငယ်တွေကြားထဲ က ၁၂ ရာခိုင်နှုန်းအောက်မှာပဲ ဂျာမန်တပ်မတော်ထဲမှာရှိပါလိမ့်မယ်။” လို့ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

လက်ရှိအင်အား ၁၈၀,၀၀၀ ဝန်းကျင်ရှိတဲ့ ဂျာမန်စစ်တပ်ဟာ ၂၀၃၁ ခုနှစ်မတိုင်ခင်မှာ အင်အား ၂၀၃,၀၀၀ အ ထိ မြှင့်တင်စုဆောင်းသွားဖို့ရည်မှန်းထားပေမဲ့ အဲဒီအင်အားကို ပြန်လည်စိစစ်ရဦးမယ်လို့ ၎င်းကပြောပါတယ်။

 

Ref: German Military Struggles to Find New Recruits

 

#PeopleMedia


Share this post