• Follow Us on
Latest News

Home တပ်သားသစ်တွေဆီက မိလ္လာကန်သန့်ရှင်းခ ဖြတ်တောက်မယ်ဆိုတဲ့သတင်း မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ငြင်းဆို

တပ်သားသစ်တွေဆီက မိလ္လာကန်သန့်ရှင်းခ ဖြတ်တောက်မယ်ဆိုတဲ့သတင်း မဟုတ်မှန်ကြောင်း ထိုင်းကြည်းတပ် ငြင်းဆို

Share this post

နိုင်ငံတကာ၊ ဇွန် ၁၄

 

ဥပဒေအရစစ်မှုထမ်းနေတဲ့ ထိုင်းစစ်သည်တွေထံက မိလ္လာကန်ရှင်းလင်းခအပါအဝင် တခြားအကြောင်း အရာတွေနဲ့ လစာဖြတ်တောက်နေတယ်ဆိုတဲ့သတင်းနဲ့ပတ်သက်ပြီး တော်ဝင်ထိုင်းကြည်းတပ်ဖွဲ့က မေးခွန်းတွေကို ရှင်းလင်းဖြေဆိုနေရပါတယ်။

 

ဒီအဖြစ်အပျက်မျိုးဟာ တွေ့ရခဲတဲ့ အဖြစ်အပျက်မျိုးဖြစ်ပြီး အဲဒီလို ဆောင်ရွက်ဖို့ ခွင့်ပြုထားခြင်းမရှိသလို ဆောင်ရွက်ခဲ့ဖူးခြင်းလည်း မရှိဘူးလို့ ဆိုပါတယ်။

 

တပ်သားသစ်တွေဆီက အထူးသဖြင့် မိလ္လာကန်သန့်ရှင်းရေးဆောင်ရွက်ခ ဘတ် ၅၀၀ ဖြတ်တောက်မှုနဲ့ ပတ်သက်တဲ့သတင်းပေါက်ကြားမှုကို တုံ့ပြန်ဖြေရှင်းတဲ့အနေနဲ့ တော်ဝင်ထိုင်းကြည်းတပ် ဒုတိယပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီးရီချာဆပ်ဆူဝါနန်က ကြာသပတေးနေ့ (ဇွန်လ ၁၃ ရက်နေ့) က ရှင်းလင်းချက်တစ် စောင်ထုတ်ပြန်ခဲ့ပါတယ်။

 

အဲဒီသတင်းဟာ တပ်သားသစ်လေ့ကျင့်ရေးကျောင်းတွေထဲက ကျောင်းတစ်ကျောင်းက ထွက်ပေါ်လာ တာဖြစ် ပြီး တပ်သားသစ်တွေငွေကြေးသုံးစွဲမှုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေ ဆွေးနွေးရာမှာ ထည့် သွင်းဆွေးနွေးဖို့ ရည်ရွယ်ထားတာဖြစ်ကြောင်း ၎င်းက ရှင်းပြပါတယ်။

 

အဲဒီလစာဖြတ်တောက်တဲ့ကိစ္စကို ခွင့်မပြုခဲ့သလို သတင်းအချက်အလက်ထဲမှာဖော်ပြထားသလို တပ်သား သစ်တွေဆီက ငွေကြေးတစ်ပြားတစ်ချပ်မှ ဖြတ်တောက်ထားခြင်းလည်းမရှိကြောင်း ၎င်းကပြောပါတယ်။

 

အသုံးစရိတ်ပြန်လည်ဆန်းစစ်ရေးအစည်းအဝေးထိုင်ပြီးနောက်မှာ တာဝန်ရှိသူတွေက (မိလ္လာကန်သန့်ရှင်း ခအပါအဝင်) အထွေထွေဝန်ဆောင်ခ ၉၉၉ ဘတ် နုတ်ထားပြီး တပ်သားသစ်တစ်ဦးကို လစာ ၆၁၇၀ ဘတ်ကျန် အောင်ထုတ်ပေးနိုင်ဖို့ ညှိနှိုင်းခဲ့ကြတယ်လို့ ဆိုပါတယ်။

 

အဲဒီအစည်းအဝေးကြောင့် တပ်သားသစ်တွေရဲ့ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီး လူထုရဲ့ အထင်မှားမှု ထွက်ပေါ် လာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ဖြစ်စဉ်နဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းစစ်ဆေးရာမှာ တော်ဝင်ထိုင်းကြည်းတပ်အနေနဲ့ ပါဝင်ဆောင်ရွက်ဖို့ အ သင့်ရှိကြောင်း ဗိုလ်မှူးကြီးရီချာက ပြောပါတယ်။

 

“ဖြစ်စဉ်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းဖို့အတွက် အမှတ် ၂ ကြည်းတပ်ဒေသတပ်ဖွဲ့ကို တာ ဝန်ပေးထားပါတယ်။ နောက်ပြီး တပ်သားသစ်တွေနဲ့ပတ်သက်ပြီး တာဝန်ရှိတဲ့ အမှတ် ၂၂ လော်ဂျစ် စတစ်နဲ့ ထောက်ပံ့ရေးတပ်ရင်းက တပ်မှူးကိုလည်း အမှတ် ၂ ကြည်းတပ်ဒေသတပ်ဖွဲ့ကို ပြောင်းရွှေ့ ကြောင်း အမိန့်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။” လို့ ရီချာက ပြောပါတယ်။

 

“တပ်သားသစ်လစာထဲက မိလ္လာကန်သန့်ရှင်းခ ဘတ် ၅၀၀ ဖြတ်တောက်မှုအပါအဝင် အထွေထွေဝန် ဆောင်ခ တွေဖြတ်တောက်တယ်ဆိုတာ လက်မခံနိုင်စရာပါ။ ဒါဟာ မဖြစ်သင့်တဲ့အဖြစ်အပျက်ပါ။ ဒီလို ဆောင်ရွက်တာကို လည်း လုံးဝလက်မခံနိုင်ပါဘူး။” လို့ ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က ပြောပါတယ်။

 

တရားမဝင်အကြောင်းအရာတွေနဲ့ပတ်သက်ပြီး တပ်သားသစ်လစာဖြတ်တောက်တာတွေကို တားမြစ်ထား ပြီး အဆင့်အတန်းအားလုံးကိုလည်း ညွှန်ကြားထားကြောင်း ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းက ပြောပါတယ်။

 

တော်ဝင်ထိုင်းကြည်းတပ်မှာ တပ်သားသစ်လေ့ကျင့်ရေးကျောင်း ၂၀၀ ကျော်ရှိပြီး ဘယ်သင်တန်းကျောင်း ကမှ မိလ္လာကန်သန့်ရှင်းခ ဖြတ်တောက်တာ မရှိတဲ့ အဲဒီဖြစ်စဉ်ကို စုံစမ်းစစ်ဆေးနေကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနပြောခွင့်ရပုဂ္ဂိုလ် ဂျီရာယူဟောင်ဆတ်က ပြောပါတယ်။

 

“ဘယ်တပ်ဖွဲ့က မဟုတ်တာလုပ်တာပဲဖြစ်ဖြစ် ကာကွယ်ရေးဝန်ကြီးဌာနနဲ့ တော်ဝင်ထိုင်းကြည်းတပ်က ဥပဒေအရ အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ၎င်းက ပြောပါတယ်။

 

Ref: Army denies plan to cut septic tank cleaning cost from conscripts’ pay

 

#PeopleMedia


Share this post