• Follow Us on
Latest News

Home တပ်သားသစ်တွေဆီက အသုံးစရိတ်ဖြတ်တောက်ဖို့ စံနှုန်းတစ်ရပ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

တပ်သားသစ်တွေဆီက အသုံးစရိတ်ဖြတ်တောက်ဖို့ စံနှုန်းတစ်ရပ် ထိုင်းကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်

Share this post

နိုင်ငံတကာ၊ ဇွန် ၂၁

 

ဥပဒေအရစစ်မှုထမ်းရတဲ့တပ်သားသစ်တွေ သုံးစွဲဖို့ လစာအလုံအလောက်ကျန်ရှိစေရေးအတွက် ၎င်းတို့ထံက ဖြတ်တောက်ရမယ့် အသုံးစရိတ်တွေကို ဆုံးဖြတ်ဖို့ စံနှုန်းတစ်ရပ်ကို ထိုင်းကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန် လိုက်ပါတယ်။

 

ဥပဒေအရစစ်မှုထမ်းသူတွေထံက WiFi ကြေးနဲ့ မိလ္လာကန်သန့်ရှင်းခအပါအဝင် အထွေထွေအသုံးစရိတ်ဖြတ် တောက်မှုတွေ အများအပြားဖြတ်တောက်နေတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ အခုလို ကာ ကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက် ထွက်ပေါ်လာခဲ့တာပဲဖြစ်ပါတယ်။

 

မိလ္လာကန်သန့်ရှင်းခအပါအဝင် အထွေထွေအသုံးစရိတ်တွေ ဖြတ်တောက်ခံရတယ်ဆိုတဲ့ စစ်သည်ဟာ ၎င်းလ စာရဲ့ ၆၀% အထိ ဖြတ်တော်ခံခဲ့ရကြောင်း လစာစာရင်းစာရွက်ဖြတ်ပိုင်းကို ပြသခဲ့ပါတယ်။

 

ဒီကိစ္စနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့ ကာကွယ်ရေးဝန်ကြီး ဆုတင်ကလန်ဆန်းက ညွှန်ကြားခဲ့ပါတယ်။

 

အသစ်ချမှတ်လိုက်တဲ့စံနှုန်းအရ တပ်သားသစ်တွေရဲ့လစာက ဖြတ်တောက်နိုင်တဲ့အသုံးစရိတ်ထဲမှာ စားနပ် ရိက္ခာအတွက် စစ်သည်တစ်ဦးကို တစ်လ ဘတ် ၂၁၀၀ ဒါမှမဟုတ် တစ်ရက်ကို ဘတ် ၇၀ ဖြတ်တောက်တာ ပါဝင်ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာနက ကြာသပတေးနေ့ (ဇွန်လ ၂၀ ရက်နေ့) က ပြောပါတယ်။

 

ကာကွယ်ရေးဝန်ကြီးဌာနက ငွေပြန်မထုတ်ပေးနိုင်တဲ့ တပ်သားသစ်တွေရဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းအသုံး စရိတ်တွေအတွက် ၎င်းတို့လစာထဲက ဖြတ်တောက်ဖို့လည်း တပ်ရင်းတပ်ဖွဲ့တွေကို ခွင့်ပြုထားပါတယ်။

 

 

 

များသောအားဖြင့် တပ်သားသစ်တွေဟာ စစ်တန်းလျားတွေကို စတင်သတင်းပို့ချိန်မှာ တစ်ကိုယ်ရေသုံးပစ္စည်း တွေမရရှိနိုင်ပါဘူး။

 

ဒါ့ကြောင့် တပ်ရင်းတွေက တပ်သားသစ်တွေလိုအပ်တဲ့ ပစ္စည်းတွေကို ထောက်ပံ့ပေးပါတယ်။ အဲဒီပစ္စည်းတွေ က အစုလိုက်အပုံလိုက်အများအပြားဝယ်ယူရင် ပိုဈေးသက်သာပါတယ်။

 

တပ်ရင်းတွေက အဲဒီပစ္စည်းတွေကို ပေါက်ဈေးထက်များပြားတဲ့ ဈေးနှုန်းနဲ့ ဝယ်ယူထားတာ စစ်ဆေးတွေ့ရှိခဲ့ရင် သက်ဆိုင်ရာပုဂ္ဂိုလ်တွေကို အပြစ်ပေးသွားမှာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

 

နောက်ထပ်ဖြတ်တောက်မှုတစ်ခုကတော့ ဆန္ဒအလျောက် ဖြတ်တောက်တာပဲဖြစ်ပါတယ်။ အဲဒီအထဲမှာ ပင်မင်း ခ၊ ယူနီဖောင်းပြင်ဆင်ခ (ပြန်ပြင်ချုပ်ခ)၊ တပ်တွင်းသက်သာဆိုင်ဝန်ဆောင်ခတို့ပါဝင်ပါတယ်။

 

တပ်သားသစ်တွေထံက ဖြတ်တောက်ခြင်းမပြုရမယ့်စာရင်းထဲမှာ အဆောက်အဦ/လျှပ်စစ်/ရေ ဝန်ဆောင်ခ၊ မိလ္လာကန်သန့်ရှင်းခ၊ WiFi အသုံးပြုခ၊ စစ်မြေပြင်သုံးပစ္စည်းများအသုံးပြုခ၊ ရောဂါစစ်ဆေးတဲ့ကျန်းမာရေးသုံး ပစ္စည်းဝန်ဆောင်ခ၊ နှာခေါင်းစည်းအသုံးပြုခနဲ့ လက်သန့်စင်ရည်အသုံးပြုခတို့ပါဝင်ပါတယ်။

 

အာမခံကြေးပေးဖို့အတွက် တပ်ရင်းတပ်ဖွဲ့တွေရဲ့လုပ်ငန်းတွေက ရရှိတဲ့ဝင်ငွေတွေကို အသုံးပြုဖို့ ဝန်ကြီးဌာနက အကြံပြုထားပါတယ်။

 

WiFi အသုံးပြုခအပါအဝင် အထွေထွေအသုံးစရိတ်ဖြတ်တောက်မှုတွေအတွက် သတင်းပြန့်နေတာတွေနဲ့ ပတ် သက်ပြီး တပ်ရင်းတပ်ဖွဲ့အားလုံးကို ကာကွယ်ရေးဝန်ကြီးမစ္စတာဆုတင်က စုံစမ်းစစ်ဆေးခဲ့ပြီးဖြစ်ကြောင်း ကာ ကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံရေးဌာနခွဲ ပြောခွင့်ရပုဂ္ဂိုလ် ဂျီရာယူဟောင်းဆတ်က အစောပိုင်းတုန်းက ပြောပါ တယ်။

 

Ref: Conscript deductions clarified

 

#PeopleMedia


Share this post