တမန္ေတာ္မိုဟာမက္ကို Facebook တြင္ ေျပာင္ေလွာင္ေရးသားသည္ဟုဆိုသူကို လူအင္အားျဖင့္ ဝိုင္းခဲ့ၿပီးေနာက္ အထိက႐ုဏ္းျဖစ္ပြားသျဖင့္ ရဲကေသနတ္ျဖင့္ပစ္ခတ္ႏွိမ္ႏွင္း၊ လူ ၃ ေယာက္ေသဆံုး

PUBLISHED - August 12, 2020
ဘန္ဂလူ႐ူ၊ ၾသဂုတ္ ၁၂
အဂၤါေန႔ပိုင္းက အိႏၵိယႏိုင္ငံေတာင္ပိုင္း ဘန္ဂလူ႐ူၿမိဳ႕တြင္ တမန္ေတာ္မိုဟာမက္ကို Facebook တြင္ ေျပာင္ေလွာင္ေရးသားသည္ဟုဆိုသည့္ အထက္လႊတ္ေတာ္အမတ္တစ္ေယာက္၏ေဆြမ်ိဳးေတာ္စပ္သူကို ဆန္႔က်င္ေၾကာင္း လူအင္အားျဖင့္ဝိုင္းခဲ့ၿပီးေနာက္ အထိက႐ုဏ္းမ်ားျဖစ္ပြားၿပီး ရဲမ်ားက ပစ္ခတ္ႏွိမ္ႏွင္းခဲ့သျဖင့္ လူ ၃ ေယာက္ေသဆံုးခဲ့သည္။
ဝိုင္းထားသည့္လူမ်ားက ခဲျဖင့္ေပါက္သျဖင့္ ရဲအမႈထမ္း ၆၀ ေက်ာ္ဒဏ္ရာရခဲ့ၿပီး အၾကမ္းဖက္မႈ၊ ခဲျဖင့္ ေပါက္မူႏွင့္ ကားမီး႐ွိဳ႕မႈမ်ားျဖင့္ လူ ၁၁၀ ေက်ာ္ကိုဖမ္းဆီးထားသည္ဟု ၿမိဳ႕ရဲအႀကီးအကဲက NDTV သတင္းဌာနကိုေျပာသည္။
အိႏိၵယအထက္လႊတ္ေတာ္အမတ္ ဆရီနီဗတ္စ္ မူသီ၏တူေတာ္စပ္သူနဗီးန္က တမန္ေတာ္မိုဟာမက္ကို ေစာ္ကားေရးသားသည္ဟုဆိုကာ မူသီ၏အိမ္ကို ဝိုင္းခဲ့ၾကၿပီး ကားမ်ားကို မီး႐ွိဳ႕ခဲ့ၾကသည္။
ေဒါသထြက္ေနေသာလူအုပ္ႀကီးကိုၿဖိဳခြဲရန္ ရဲမ်ားက လွ်ပ္စစ္ေသနတ္မ်ား၊ မ်က္ရည္ယိုဗံုးမ်ားႏွင့္ ေသနတ္မ်ားအသံုးျပဳခဲ့သည္။
ဒီဂ်ီဟယ္လီႏွင့္ ေကဂ်ီဟယ္လီရဲစခန္း ၂ ခုတြင္ အၾကမ္းဖက္၀င္ေရာက္မႈမ်ား႐ွိခဲ့ၿပီး ရဲစခန္းမ်ားတြင္ သိမ္းဆည္းထားသည့္ ေလးဘီးယာဥ္ ၂၄ စင္း၊ ဆိုင္ကယ္အစီး ၂၀၀ ခန္႔လည္း မီးရွိဳ႕ခံခဲ့ရသည္။
လက္႐ွိတြင္ အေျခအေနျပန္ၿငိမ္သက္ေနၿပီး အၾကမ္းဖက္မွႈျဖစ္ပြားသည့္နယ္ေျမမ်ား၌ သတ္မွတ္ခ်ိန္အတြင္း အျပင္မထြက္ရ အမိန္႔ထုတ္ျပန္ထားေၾကာင္း၊ ဘန္ဂလူ႐ူမွက်န္နယ္ေျမမ်ားတြင္ ရာဇ၀တ္မႈမကင္းေသာ လူစုလူေ၀းမျပဳလုပ္ရန္ တားျမစ္ထားသည္ဟု ရဲမွဴးႀကီး ကာမယ္ ပန္႔တ္ကေျပာသည္။
အခင္းျဖစ္ပြားစဥ္ ရဲတပ္ဖြဲ႔က ရိုက္ႏွက္သျဖင့္ အနည္းဆံုး သတင္းေထာက္ ၁ ေယာက္ဒဏ္ရာရရွိခဲ့သည္။
ျပည္နယ္၀န္ၾကီးခ်ဳပ္က တိုက္ခိုက္မႈအေပၚျပစ္တင္ရွဳတ္ခ်လိုက္ျပီး အၾကမ္းဖက္မႈက်ဴးလြန္သူအားလံုးကို ထိေရာက္စြာ အေရးယူမည္ျဖစ္ဟု Twitter တြင္ေရးသားသည္။
Ref : 3 Killed In Police Firing In Bengaluru Amid Violence Over Facebook Post
#PeopleMedia
(unicode)
တမန်တော်မိုဟာမက်ကို Facebook တွင် ပြောင်လှောင်ရေးသားသည်ဟုဆိုသူကို လူအင်အားဖြင့် ဝိုင်းခဲ့ပြီးနောက် အထိကရုဏ်းဖြစ်ပွားသဖြင့် ရဲကသေနတ်ဖြင့်ပစ်ခတ်နှိမ်နှင်း၊ လူ ၃ ယောက်သေဆုံး
…………………………………………………
ဘန်ဂလူရူ၊ ဩဂုတ် ၁၂
အင်္ဂါနေ့ပိုင်းက အိန္ဒိယနိုင်ငံတောင်ပိုင်း ဘန်ဂလူရူမြို့တွင် တမန်တော်မိုဟာမက်ကို Facebook တွင် ပြောင်လှောင်ရေးသားသည်ဟုဆိုသည့် အထက်လွှတ်တော်အမတ်တစ်ယောက်၏ဆွေမျိုးတော်စပ်သူကို ဆန့်ကျင်ကြောင်း လူအင်အားဖြင့်ဝိုင်းခဲ့ပြီးနောက် အထိကရုဏ်းများဖြစ်ပွားပြီး ရဲများက ပစ်ခတ်နှိမ်နှင်းခဲ့သဖြင့် လူ ၃ ယောက်သေဆုံးခဲ့သည်။
ဝိုင်းထားသည့်လူများက ခဲဖြင့်ပေါက်သဖြင့် ရဲအမှုထမ်း ၆၀ ကျော်ဒဏ်ရာရခဲ့ပြီး အကြမ်းဖက်မှု၊ ခဲဖြင့် ပေါက်မူနှင့် ကားမီးရှို့မှုများဖြင့် လူ ၁၁၀ ကျော်ကိုဖမ်းဆီးထားသည်ဟု မြို့ရဲအကြီးအကဲက NDTV သတင်းဌာနကိုပြောသည်။
အိန္ဒိယအထက်လွှတ်တော်အမတ် ဆရီနီဗတ်စ် မူသီ၏တူတော်စပ်သူနဗီးန်က တမန်တော်မိုဟာမက်ကို စော်ကားရေးသားသည်ဟုဆိုကာ မူသီ၏အိမ်ကို ဝိုင်းခဲ့ကြပြီး ကားများကို မီးရှို့ခဲ့ကြသည်။
ဒေါသထွက်နေသောလူအုပ်ကြီးကိုဖြိုခွဲရန် ရဲများက လျှပ်စစ်သေနတ်များ၊ မျက်ရည်ယိုဗုံးများနှင့် သေနတ်များအသုံးပြုခဲ့သည်။
ဒီဂျီဟယ်လီနှင့် ကေဂျီဟယ်လီရဲစခန်း ၂ ခုတွင် အကြမ်းဖက်ဝင်ရောက်မှုများရှိခဲ့ပြီး ရဲစခန်းများတွင် သိမ်းဆည်းထားသည့် လေးဘီးယာဉ် ၂၄ စင်း၊ ဆိုင်ကယ်အစီး ၂၀၀ ခန့်လည်း မီးရှို့ခံခဲ့ရသည်။
လက်ရှိတွင် အခြေအနေပြန်ငြိမ်သက်နေပြီး အကြမ်းဖက်မှှုဖြစ်ပွားသည့်နယ်မြေများ၌ သတ်မှတ်ချိန်အတွင်း အပြင်မထွက်ရ အမိန့်ထုတ်ပြန်ထားကြောင်း၊ ဘန်ဂလူရူမှကျန်နယ်မြေများတွင် ရာဇဝတ်မှုမကင်းသော လူစုလူဝေးမပြုလုပ်ရန် တားမြစ်ထားသည်ဟု ရဲမှူးကြီး ကာမယ် ပန့်တ်ကပြောသည်။
အခင်းဖြစ်ပွားစဉ် ရဲတပ်ဖွဲ့က ရိုက်နှက်သဖြင့် အနည်းဆုံး သတင်းထောက် ၁ ယောက်ဒဏ်ရာရရှိခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က တိုက်ခိုက်မှုအပေါ်ပြစ်တင်ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုကျူးလွန်သူအားလုံးကို ထိရောက်စွာ အရေးယူမည်ဖြစ်ဟု Twitter တွင်ရေးသားသည်။
Ref : 3 Killed In Police Firing In Bengaluru Amid Violence Over Facebook Post
#PeopleMedia