• Follow Us on

Home တမူးမြို့နယ်တွင် တမူး PDF အလောင်း လေးလောင်း အသေရရှိ

တမူးမြို့နယ်တွင် တမူး PDF အလောင်း လေးလောင်း အသေရရှိ

Share this post

နေပြည်တော်၊ မေ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ် အထက်ပိုင်း ကျွန်းပင်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့ပြီး တမူး PDF အလောင်း လေးလောင်း အသေရရှိခဲ့ကြောင်း သိရသည်။

 

မေလ (၂၁) ရက် နံနက် (၉) နာရီကျော်က တမူးမြို့နယ်၊ ကျွန်းပင်သာကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ ဝင်များနှင့် PDF အဖွဲ့ဝင်များ တိုက်ပွဲဖြစ်ပွါးခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် တမူး PDF အဖွဲ့ဝင် လေးဦး သေဆုံးသွားပြီး ၎င်းတို့ ကိုင်ဆောင်လာသည့် အမ် – ၂၂ သေနတ် တစ်လက်၊ ကျည်အိမ်၊ ကျည်ဆံများနှင့် Drone တစ်စီး သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည် PDF လေးဦးသည် ကူကီးအမျိုးသားတပ်မတော်- Kuki National Army – Burma (KNA-B) တပ်ဖွဲ့က ဖြစ်ကြောင်း ယင်းအဖွဲ့က သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia


Share this post