တမူး၊ ကလေးနှင့် မုံရွာတို့မှ PDF အဖွဲ့ဝင် ၁၂ ဦးတို့ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်
PUBLISHED - October 10, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၀
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ်တို့မှ PDF အဖွဲ့ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့ ဥပဒေဘောင်အတွင်းသို့ လက်နက်ခဲယမ်းများနှင့်အတူ ပြန်လည်ဝင်ရောက်ခဲ့ကြောင်း သိရ သည်။
ပြစ်မှုကျူးလွန်ခြင်း မရှိသော PDF အဖွဲ့မှ ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လာသူများအား မိဘ အုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ် တို့ရှိ တပ်နယ်ခန်းမများ၌ အသီးသီး ပြုလုပ်ကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းမှူး ဗိုလ်ချုပ်သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်း သူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူတို့က နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရား ဥပဒေဆိုင်ရာပုဒ်မများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် ဥပဒေဘောင်အတွင်း ပြန်လည်ဝင် ရောက်လာသည့် ပြစ်မှုကျူးလွန် ခြင်း မရှိသော တမူးမြို့နယ်၊ ကလေးမြို့နယ်နှင့် မုံရွာမြို့နယ် တို့မှ PDF အဖွဲ့ ဝင် အမျိုးသား ၉ ဦးနှင့် အမျိုးသမီး ၃ ဦးတို့သည် ၎င်းတို့နှင့်အတူ ပါလာသည့် AK- 47 မောင်းပြန်သေနတ် ၂ လက်ကို အပ်နှံကြရာ တိုင်းမှူးနှင့် တာဝန် ရှိသူများက လက်ခံရယူကြပြီး AK- 47 မောင်းပြန်သေနတ် ၂ လက် အတွက် ဆုကြေး ငွေကျပ်သိန်း ၁၀၀၊ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ ၁ ဦးလျှင် ထောက်ပံ့ငွေ ကျပ် သိန်း ၂၀၊ စုစုပေါင်းငွေကျပ်သိန်း ၃၄၀ နှင့် ထောက်ပံ့ပစ္စည်းများ၊ စားသောက်ဖွယ်ရာများ ပေးအပ်ရာ ဥပဒေ ဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများက လက်ခံရယူကြသည်။ ၎င်းနောက် ဥပဒေဘောင်အတွင်း ပြန် လည်ဝင်ရောက်လာသူများအား ဝန်ခံကတိလက်မှတ် ရေးထိုးစေကာ ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံသို့ အသီးသီး လွှဲပြောင်းပေးအပ်ကြသည်။
ထိုသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ဥပဒေဘောင်အတွင်းဝင်ရောက်လာသူများအား ပြန်လည်ကြိုဆို လက်ခံ၍ လက်နက်/ခဲယမ်းများ ပါရှိမှုအတွက် ဆုကြေးငွေများ ပေးအပ်လျက်ရှိခြင်းနှင့် လိုအပ်သည့်ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ရန် ဆန္ဒရှိသူများ ကျန်ရှိနေသေးကြောင်း သိရသည်။
#PeopleMedia