• Follow Us on
Latest News

Home တယ်လီနောနှင့် MPT ဆက်သွယ်ရေးကွန်ယက်အတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးလျက်ရှိသော ရိုးမမိုက်ခရိုပါဝါ၏ စက်ပစ္စည်းများမီးရှို့ဖျက်ဆီးခံရ

တယ်လီနောနှင့် MPT ဆက်သွယ်ရေးကွန်ယက်အတွက် လျှပ်စစ်ဓာတ်အား ထောက်ပံ့ပေးလျက်ရှိသော ရိုးမမိုက်ခရိုပါဝါ၏ စက်ပစ္စည်းများမီးရှို့ဖျက်ဆီးခံရ

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၁ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီးရှိ တယ်လီနောနှင့် MPT ဆက်သွယ်ရေးကွန်ယက်အတွက် လျှပ်စစ်ဓာတ်အားထောက် ပံ့ပေးလျက်ရှိသော ရိုးမမိုက်ခရိုပါဝါ၏ နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနှစ်ခုရှိ စက်ပစ္စည်း တစ်ချို့မှာ စက်တင်ဘာလ ၉ ရက်နေ့က မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရကြောင်း ရိုးမမိုက်ခရိုပါဝါမှ ထုတ်ပြန်လိုက်  သည်။

 

သို့ရာတွင် ကံကောင်းစွာဖြင့် တစ်စုံတစ်ဦးမှ ရိုးမမိုက်ခရိုပါဝါမှ ထုတ်ပြန်လိုက်သည်။ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ကြောင်း၊ တယ်လီနောနှင့် MPT ဖုန်းလိုင်း အသုံးပြုသည့် အနီးနားရှိ ဒေသခံပြည်သူပေါင်း နှစ်သိန်းခန့်အား ဖုန်းလိုင်းနှင့် အင်တာနက်ပြတ်တောက်မှုများမရှိစေရန် ကျွန်ုပ်တို့အနေဖြင့် လုပ်ငန်းပြန်လည် လည်ပတ်နိုင် အောင် လျှင်မြန်စွာ လုပ်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

 

ရိုးမမိုက်ခရိုပါဝါသည် အများပိုင်ကုမ္ပဏီတစ်ခုဖြစ်သည့် Yoma Group လက်အောက်ခံလုပ်ငန်းခွဲတစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံသားများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ရင်းနှီးမြှုပ်နှံထားပြီး၊  မြန်မာနိုင်ငံတစ်ဝန်းရှိ ကျွန်ုပ်တို့၏ နေရောင်ခြည်စွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေးစက်ရုံများသည် ဒေသအတွင်း မိုဘိုင်းဆက်သွယ်ရေးကွန် ယက်များ ကောင်းမွန်စွာ လည်ပတ်နိုင်စေရန် တည်ဆောက်ထားရှိသည့် ဆက်သွယ်ရေးတာဝါတိုင်များနှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးလက်နေပြည်သူများအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနေခြင်းဖြစ်ကြောင်း ရိုးမမိုက်ခရိုပါဝါမှ ထုတ်ပြန်ခဲ့သည်။

 

#PeopleMedia #ရိုးမမိုက်ခရိုပါဝါ

 

(unicode)


……………………………………………………………………..

 


 


 


 


 



Share this post