တရားမဝင်ကုန်ပစ္စည်းတင်သွင်းခွင့်ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့်ကုမ္ပဏီတစ်ခု၏ လိုင်စင်များ ကိုအလွဲသုံးပြီး ကန်ဒေါ်လာနှစ်သန်းကျော်တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်း ဆီးနိုင်ခဲ့ဟု ဒုတိယဥက္ကဋ္ဌပြောကြား

PUBLISHED - October 13, 2023
နေပြည်တော်၊ အောက်တိုဘာ ၁၃
ဇုန်အတွင်း ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီတစ်ခု၏ အောက်ခြေဝန်ထမ်းများသည် တရားမဝင် ကုန်ပစ္စည်းတင် သွင်းခွင့်ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီ တစ်ခု၏လိုင်စင်များကို အလွဲသုံးပြီး အမေရိကန်ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေးကို ယမန်နေ့တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံ ခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟို အဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက် အမှာစကားပြောကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက လက်ရှိနိုင်ငံတော်တွင် အထူးစီးပွားရေးဇုန် (၃)ခုကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး သီလဝါအထူးစီးပွားရေးဇုန်ကို ၂၀၁၃ ခုနှစ်မှစ၍ အကောင် အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေး ဇုန်တို့ကို နှစ်အလိုက်အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊ စီးပွားရေး လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် မိမိနိုင်ငံ၏ အကျိုးစီးပွားကို အဓိက ထားရမည့် ဖြစ်သော်လည်း ဆက်စပ်ဆောင်ရွက် ကြရာတွင် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုနှင့် နှစ်ဖက်စလုံး၏ အကျိုးစီးပွား ဖြစ်ထွန်းမှုများကိုလည်း အလေးထားဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောသည်။
သီလဝါအထူးစီးပွားရေးဇုန်အတွင်း ထူးခြားဖြစ်စဉ် ဖြစ်ခဲ့မှုနှင့်ပတ်သက်၍ ဇုန်အတွင်း ရင်းနှီးမြုပ်နှံသည့် ကုမ္ပဏီတစ်ခု၏ အောက်ခြေဝန်ထမ်းများသည် တရားမဝင် ကုန်ပစ္စည်းတင်သွင်းခွင့် ရရှိရေးအတွက် သွင်းကုန်လိုင်စင်ရရှိထားသည့် အခြားကုမ္ပဏီ တစ်ခု၏လိုင်စင်များကို အလွဲသုံးပြီး အမေရိကန်ဒေါ်လာ နှစ်သန်းကျော် တန်ဖိုးရှိ ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းမှုကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည့် အတွက် ယင်းဖြစ်စဉ်မျိုး ထပ်မံမဖြစ်ပွားစေရေး ယခုထက် လိုအပ်သည့်စိစစ် ကြီးကြပ်မှုများ ဆောင်ရွက်သွားရန် လိုကြောင်း၊ အထူးစီးပွားရေးဇုန်များတွင်ရှိသည့် ကုမ္ပဏီများ၏ ရင်းနှီးမြုပ်နှံမှု ချေးငွေများကို မိခင်ကုမ္ပဏီများ ကကိုယ်စားပေးဆပ်ပြီး ပြည်ပချေးငွေစာရင်းမှ ပယ်ဖျက်မည့် ကိစ္စရပ်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်စီမံဆောင်ရွက် ပေးသွားကြရန်မှာ ကြားလိုကြောင်း၊ ထပ်မံ၍ နိုင်ငံခြားငွေအဖြစ် ထည့်ဝင်မတည် ရင်းနှီးမည့်၊ လာရောက် ရင်းနှီးမြုပ်နှံမည့် ကုမ္ပဏီအသစ်များ လက်ရှိကုမ္ပဏီများ၏ ထပ်မံရင်းနှီးမြုပ်နှံမှုငွေ များကို အမေရိကန်ဒေါ်လာ အပြင် မြန်မာနိုင်ငံခြားကုန်သွယ်မှုဘဏ်နှင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ကနေ ခွင့်ပြုပြီးဖြစ်သည့် မည့်သည့်နိုင်ငံခြား ငွေကြေးနှင့်ဖြစ်စေ ထည့်ဝင်အသုံးပြုနိုင်ရေး ကိုလည်း ဆက်လက် ဆောင်ရွက်သွားရန်လိုကြောင်း၊ အခြား မိတ်ဖက်နိုင်ငံများ၏ တရားဝင်ငွေကြေး လဲလှယ်မှု၊ သုံးစွဲမှုများနှင့် လည်း မြန်မာနိုင်ငံဗဟိုဘဏ်မှ ညှိနှိုင်းဆဲဖြစ သည့်အတွက် သက်ဆိုင်ရာကုမ္ပဏီများကိုလည်း ဆက်သွယ် လာသည့်အချိန်တွင် အသိပေး ပြောကြားလိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက ပြောသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ စီးပွားရေးဦး တည်ချက် (၃)ရပ်အနက် ဈေးကွက်စီးပွားရေးစနစ် တည်ငြိမ်အောင် ဖော်ဆောင်ပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှု များကိုဖိတ်ခေါ်၍ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံး၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရေးသည် အရေးကြီးသည့် ဦးတည်ချက်တစ်ခုဖြစ်ကြောင်း ပြောသည်။
#PeopleMedia