တရားမဝင်ကုန်သွယ်မှုများဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ် ဧပြီလအထိ အမှုတွဲ (၁၂,၄၃၀) မှု၊ ခန့်မှန်း တန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိ
PUBLISHED - May 16, 2024
နေပြည်တော်၊ မေ ၁၆
တရားမဝင်ကုန်သွယ်မှုများ ဖမ်းဆီးရမိမှုများ အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အမှုတွဲ (၁၂,၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ပြောသည်။
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ပိုင်းတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူး သန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက မိမိတို့နိုင်ငံအနေဖြင့် တရားမဝင်ကုန်သွယ်မှုများကို ထိ ရောက်စွာ တိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပလာခဲ့သည်မှာ ယခုအခါ (၁၄) ကြိမ် ရှိပြီဖြစ်ကြောင်း၊ ယခင် အစည်းအဝေး (၁၃) ကြိမ်အထိ ဆုံးဖြတ်ချက် (၄၅၆) ချက် ချမှတ် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဦးဆောင်ကော်မတီ ပြင်ဆင်ဖွဲ့စည်းခဲ့ပြီးနောက် ဖမ်းဆီးရမိမှုများအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဖမ်းဆီးရမိအမှုတွဲ (၁၂,၄၃၀) မှု၊ ခန့်မှန်းတန်ဖိုးကျပ် ၂၅၀ ဒသမ ၁၇၆ ဘီလီယံ ဖမ်းဆီးရမိခဲ့ ကြောင်း ပြောသည်။
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများအတွင်း ဖမ်းဆီးရရှိမှုများအနေဖြင့် အကောက်ခွန်ဦးစီးဌာန က အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော် ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဖမ်းဆီး ရရှိမှုများတွင် မန္တလေးတိုင်း ဒေသကြီးကပထမအများဆုံး၊ ကချင်ပြည်နယ်က ဒုတိယအများဆုံးနှင့် တနင်္သာရီ တိုင်းဒေသကြီးက တတိယအများဆုံးဖမ်းဆီးရမိခဲ့သည်ကိုတွေ့ရှိရကြောင်း၊ ကုန်ပစ္စည်း အုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့ မော်တော်ယာဉ်နှင့်တရားမဝင် ကုန်စည်တင် ရေယာဉ်အပါအဝင် မော်တော်ယာဉ်ယန္တရား ဖမ်းဆီးရရှိမှုများက အများ ဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများ ဖြစ်ကာ တတိယအများဆုံးက ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်သည်ကို တွေ့ရှိရကြောင်း နိုင်ငံတော်စီမံအုပ် ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြေကြားသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုတိယဥက္ကဋ္ဌက ကမ္ဘာ့ကုလသမဂ္ဂ၏ ခန့်မှန်းချက်အရ တရားမဝင်ကုန် သွယ်မှုကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် အရပ်ရပ်သော ဝင်ငွေတွေဆုံးရှုံးမှုသည် နှစ်စဉ်အမေရိကန် ဒေါ်လာ ၂ ထရီလီယံကျော်ခန့်ရှိပြီး စိုက်ပျိုးရေးထုတ်ကုန်ဆိုင်ရာ တရားမဝင် ကုန်သွယ်မှုတန်ဖိုးမှာ နှစ်စဉ်အမေရိကန် ဒေါ်လာ ၃၀ မှ ၄၀ ဘီလီယံကြားနှင့် တရား မဝင်ဆေးဝါးများကြောင့် ကလေးသူငယ်များ အသက်ဆုံးရှုံးခြင်း အပြင် တရားမဝင် ဓာတုဆေးဝါးများကြောင့်လည်း သဘာဝသယံဇာတ ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်စေကာ ကမ္ဘာပေါ်ရှိနိုင်ငံများစွာကို ခြိမ်းခြောက်လျက်ရှိကြောင်းကို ဖော်ပြထားသည်ကို တွေ့ရမည်ဖြစ်ကြောင်း ပြော သည်။
မိမိတို့နိုင်ငံအနေဖြင့် သယံဇာတပေါကြွယ်ဝပြီး စိုက်ပျိုးရေးကို အဓိက အခြေခံသည့်နိုင်ငံဖြစ်သည့်အတွက် သယံဇာတထုတ်ကုန်များနှင့် စိုက်ပျိုးရေးထွက် ကုန်များကို အဓိကထားပြီး ထုတ်လုပ်တင်ပို့လျက်ရှိကြောင်း၊ နိုင်ငံတော်၏စီးပွားရေး ဦးတည်ချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ရာတွင် တရားမဝင်ကုန်သွယ်မှုများကြောင့် နိုင်ငံတော်၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို များစွာအနှောက် အယှက်အဟန့်အတား ဖြစ်ပေါ်လျက်ရှိကြောင်း၊ တရားမဝင်ကုန်သွယ်မှုများကြောင့် အခွန်ဘဏ္ဍာများစွာ ဆုံးရှုံးခြင်း၊ နိုင်ငံ၏ လူမှုစီးပွားရေးကဏ္ဍများအပေါ် အပြုသဘောမဆောင်သည့် သက်ရောက်မှုများစွာရှိ နေခြင်းများကြောင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဆောင်ရွက်ရာတွင် အစိုးရနှင့် ပုဂ္ဂလိကကဏ္ဍများ အပြင် ပြည်သူအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွား ရန်လိုအပ်မည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌက ပြောကြားခဲ့သည်။
#PeopleMedia