• Follow Us on
Latest News

Home တရားမဝင်ကုန်သွယ်မှုများအား ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်မည်

တရားမဝင်ကုန်သွယ်မှုများအား ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ်မည်

Share this post

နေပြည်တော်၊ ဇန်နဝါရီ ၉

 

တရားမဝင်ကုန်သွယ်မှုများအား ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီမှ သိရသည်။

 

တရားမဝင်ကုန်သွယ်မှုများကြောင့် အသေးစား၊ အငယ်စားနှင့် အလတ်စား ပြည်တွင်းစီးပွားရေးလုပ်ငန်းများမှ ထုတ်လုပ်သည့် ကုန်ပစ္စည်းများ ဈေးကွက်အတွင်း မျှတစွာ ယှဉ်ပြိုင်နိုင်မှုမရှိခြင်းနှင့် ဈေးကွက်ပျောက်ဆုံး ခြင်းတို့ ဖြစ်ပေါ်စေပြီး ပြည်တွင်းကုန်ထုတ်လုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရေးအတွက် ကြီးမားသည့် ခြိမ်းခြောက်မှုများကို ဖြစ်ပေါ်စေ‌ကြောင်း၊ သို့ဖြစ်၍ တာဝန်ရှိသူများမှ ယခုထက်ပိုမို၍ တားဆီးစစ်ဆေးကြပ်မတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၆ရက် နှင့်  ၇ရက်နေ့တို့တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၇၂)မှု၊ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁,၉၂၁,၅၉၅,၂၉၃)ကို ဖမ်းဆီးရမိခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post