တရားမဝင်ကျွန်းအပါအဝင် အခြားသစ် ၁၅၇ ဒသမ ၄၁၄၈ တန်နှင့်အတူ တရားခံ ၁၃ ဦး ဖမ်းဆီးရမိ
PUBLISHED - November 14, 2024
နေပြည်တော်၊ နိုဝင်ဘာ ၁၄
နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ တရားမဝင် ကျွန်း၊ သစ်မာနှင့် အခြားသစ် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန်နှင့်အတူ တရားခံ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာနမှ သိရသည်။
နိုဝင်ဘာ ၄ ရက်မှ ၁၀ ရက်အထိ နေပြည်တော်၊ ပြည်နယ်နှင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၃၅ ဒသမ ၃၀၉၄ တန်၊ သစ်မာ ၈ ဒသမ ၄၄၃၀ တန်၊ အခြားသစ် ၁၁၃ ဒသမ ၆၆၂၄ တန် စုစုပေါင်း ၁၅၇ ဒသမ ၄၁၄၈ တန်၊ ယာဉ်/ယန္တရားခြောက်စီး၊ တရားခံ ၁၃ ဦးတို့ကို ဖမ်းဆီးရမိခဲ့ကြောင်း သစ်တောဦးစီးဌာနမှ သိရသည်။
#PeopleMedia