• Follow Us on
Latest News

Home တရားမဝင်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

တရားမဝင်စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော်တော်ယာဉ်များ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၈

 

တရားမဝင် သစ်မျိုးစုံ၊ စားသောက်ကုန်ပစ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ ယာဉ်အပိုပစ္စည်းများနှင့် မော် တော်ယာဉ်များ သိမ်းဆည်းရမိခဲ့မိကြောင်း သိရသည်။

 

ဒီဇင်ဘာ ၅ ရက်တွင် မန္တလေးတိုင်းဒေသကြီး ၁၆ မိုင် ကျောက်ချောစစ်ဆေးရေးစခန်း၌ ယာဉ်တစ်စီးပေါ်မှ ပုစွန်တစ်ကောင် စားအုန်းဆီ ၁၈ လီတာပါ ပုံး ၁၅၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ ငါးလီတာပါ ဘူး ၁၆၀၊ ပုစွန်နှစ်ကောင်စားအုန်းဆီ နှစ်လီတာပါဘူး ၁၂၀၊ ပုစွန်နှစ်ကောင်စားအုန်း ဆီ တစ်လီတာပါ ဘူး ၇၂၀၊ မြတံဆိပ်စားအုန်းဆီ ၁၈ လီတာပါ ပုံး ၅၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၇၆၀၀၀၀)နှင့် အဆိုပါစားအုန်းဆီများ တင်ဆောင်လာသည့် Mitsubishi Canter တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၈၀၀၀၀၀၀) (စုစုပေါင်း ခန့်မှန်း တန်ဖိုးငွေကျပ် ၃၆၇၆၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အပြင် အကောက်ခွန်ဦးစီးဌာန၏စီမံခန့်ခွဲမှုဖြင့် တာဝန်ကပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ တွင် ဒီဇင်ဘာ ၅ ရက်တွင် မြန်မာ့စက်မှုဆိပ်ကမ်း၌ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Lebay Baby Wipe တစ်ရှူးအထုပ် ၁၅၃၀ အပါအဝင် ကုန်ပစ္စည်းလေးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၂၂၄၀၀၀၀) ကိုလည်းကောင်း၊ အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ သွင်းကုန် ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် ယာဉ်အပိုပစ္စည်း T-Bar Clamp ကီလိုဂရမ် ၅၅၀၀ (ခန့်မှန်းတန်ဖိုးငွေကျပ် ၆၉၃၀၀၀၀)ကိုလည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် လေဆိပ်(သွင်းကုန်)၌ သွင်းကုန်လိုင်စင် တင်ပြနိုင်ခြင်းမရှိသည့် ကျောက်ဟုယူဆရသော ကျောက် ရောင်စုံအတုံးအသေးများ ၈၀ (ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၀၀၀၀၀)ကိုလည်းကောင်း၊ မရမ်းချောင် အမြဲတမ်းစစ် ဆေးရေးစခန်း ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ယာဉ်တစ်စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် BARMASO Phone Cover and Phone Case ကီလိုဂရမ် ၅၀၀ အပါအဝင် ကုန် ပစ္စည်းငါးမျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၆၅၀၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Dong Feng Tractor Head တစ်စီးနှင့် နောက်တွဲ ယာဉ်တစ်တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၅၀၀၀၀၀၀) ကိုလည်းကောင်း (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၇၄၀၂၀၀၀၀)ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်း များနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ယင်းအပြင် ဒီဇင်ဘာ ၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တိုက်ကြီးမြို့နယ် ဥက္ကံမြောက်(၂) နယ်မြေ၌ တရားမဝင် အခြားသစ် ၁၅ ဒသမ ၁၆၉ တန် (စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၅၅၄၂၇၀)ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မိုင်းဆတ်မြို့ ဝိန်းကောင်းရပ်ကွက် မိုင်းဆတ်-မိုင်းခုတ်လမ်းဘေးတစ်နေရာ၌ စုပုံထားသော အကောက် ခွန်မဲ့ပစ္စည်းများဖြစ်သည့် ထိုင်းနိုင်ငံထုတ် ပလတ်စတစ်ထိုင်ခုံအလုံး ၂၀၀ (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၀၀၀၀၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ထို့အတူ ဒီဇင်ဘာ ၇ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံ ခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ တောင်ငူခရိုင်နှင့် ပြည်ခရိုင်အတွင်း၌ တရားမဝင်ကျွန်းသစ် ၃ ဒသမ ၅၂၀ တန် (ခန့်မှန်း တန်ဖိုးငွေကျပ် ၁၁၆၁၆၀၀) ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တော ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်းနှင့် ဒီဇင်ဘာ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်တို့ တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၅ မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၄၉၅၈၇၀) ဖြစ်ကြောင်း တရား မဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

 

#PeopleMedia


Share this post