တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကို အရေးယူမယ်လို့ ထိုင်းဝန်ကြီးချုပ် သတိပေး
PUBLISHED - February 20, 2024
နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၀
ထိုင်းနိုင်ငံတွင်း တရားမဝင် ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသားတွေကို ဥပဒေအရ အရေးယူသွားမှာဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ဆရက်ထာထာဗီဆင်က သတိပေးပြောကြားလိုက်ပါတယ်။
မြန်မာ နစကအစိုးရက ပြည်သူ့စစ်မှုထမ်းဥပဒေကို ဧပြီလကစပြီး ကျင့်သုံးတော့မှာဖြစ်ကြောင်း ကြေညာလိုက် ပြီးနောက် ထိုင်းနိုင်ငံထဲကိုဝင်ရောက်ဖို့ ဗီဇာလျှောက်ထားသူများ အလွန်များပြားလာစဉ်အတွင်း ထိုင်းဝန်ကြီး ချုပ်က အခုလို ပြောကြားလိုက်တာဖြစ်ပါတယ်။
“ထိုင်းနိုင်ငံထဲကို တရားဝင် ဝင်ရောက်လာတယ်ဆိုရင် သူတို့ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံထဲကို တရား မဝင် ဝင်ရောက်လာတယ်ဆိုရင်တော့ ဥပဒေအရ အရေးယူရပါလိမ့်မယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး လုံခြုံရေးအဖွဲ့အ စည်းတွေနဲ့ ကျွန်တော် ဆွေးနွေးပြီးပါပြီ။” လို့ မစ္စတာဆရက်ထာက ပြောပါတယ်။
ဒေသခံထိုင်းလူမျိုးတွေလုပ်ကိုင်နေတဲ့အလုပ်တွေကို မြန်မာရွှေ့ပြောင်းလုပ်သားတွေက ရယူလုပ်ကိုင်သွားမှာ ကို စိုးရိမ်ပူပန်မှုတွေဖြစ်ပေါ်နေရာ မြန်မာနိုင်ငံသားတွေဟာ စစ်မှုမထမ်းမနေရ ဥပဒေကို ရှောင်ရှားဖို့အတွက် လက်ရှိအချိန်မှာ ထိုင်းနိုင်ငံဘက်ကို ပြေးဝင်လာတာဟာ အကြောင်းရင်းတစ်ချက်ဖြစ်ကြောင်း ပြောဆိုရင်း အဲဒီ စိုးရိမ်ပူပန်မှုတွေ လျော့ပါးလာအောင်လည်း ထိုင်းဝန်ကြီးချုပ်က ဖြေသိမ့်ပြောကြားနေပါတယ်။
ထိုင်းနိုင်ငံရဲ့ အလုပ်လက်မဲနှုန်းထားဟာ လက်ရှိအချိန်မှာ ၁% အောက်ကို ရောက်ရှိနေပြီဖြစ်ပြီး ထိုင်းနိုင်ငံအ နေနဲ့ အိမ်နီးချင်းနိုင်ငံတွေက လုပ်သားတွေကို ပိုမိုလိုအပ်နေကြောင်း၊ ဒါပေမဲ့ ၎င်းတို့အနေနဲ့ ထိုင်းနိုင်ငံထဲမှာ အလုပ်လုပ်ကိုင်ဖို့ လုပ်ထုံးလုပ်နည်းတွေအတိုင်း ဥပဒေနဲ့ညီတဲ့လမ်းကြောင်းကနေပဲ ဝင်ရောက်လာရမှာဖြစ် ကြောင်း ၎င်းကပြောပါတယ်။
စစ်မှုမထမ်းမနေရဥပဒေကြောင့် ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ မြန်နိုင်ငံသားဦးရေ ပိုမိုများပြားလာတာဖြစ် ကြောင်း သမ်မာဆတ်တက္ကသိုလ် ပရီဒီဘာနိုမြောင်အင်စတီကျူ အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ အနူဆန်တာမာဂျိုင်းက ပြောပါတယ်။
စစ်မှုထမ်းဥပေဒကို ရှောင်ရှားဖို့ မြန်မာနိုင်ငံသားတွေ ဗီဇာလာလျှောက်တာ အလွန်များပြားလာတဲ့အတွက် ရန် ကုန်မြို့မှာရှိတဲ့ ထိုင်းသံရုံးက ပြီးခဲ့တဲ့ ကြာသပတေးနေ့ (ဖေဖော်ဝါရီလ ၁၅ ရက်နေ့) ကစပြီး တစ်ရက်ကို ဗီဇာ လျှောက်ထားသူ ၄၀၀ ကိုသာ လက်ခံတော့မှာဖြစ်ကြောင်း သံရုံးဖေ့ဘွတ်ခ်မှာ ကြေညာခဲ့ပါတယ်။
မြန်မာနိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ထိုင်းနိုင်ငံထဲကို ဗီဇာမလိုဘဲ ၁၄ ရက် ကြာ ဝင်ရောက်လည်ပတ်နိုင်ကြောင်းကိုလည်း ထိုင်းသံရုံးက ပြောပါတယ်။
စစ်မှုမထမ်းမနေရ ဥပဒေကြောင့် ထိုင်းသံရုံးမှာ တစ်ရက်ကို ဗီၤဇာလာရောက်လျှောက်ထားသူ မြန်မာနိုင်ငံသား လူဦးရေ ၁၀၀၀ ကျော်ရှိနေကြောင်း မြန်မာနိုင်ငံက သတင်းရင်းမြစ်တွေက ပြောပါတယ်။
ပြည်သူ့စစ်မှုထမ်းဥပဒေအရ မြန်မာနိုင်ငံသား အသက် ၁၈-၃၅ နှစ်အရွယ် အမျိုးသားတွေနဲ့ အသက် ၁၈-၂၇ နှစ်အရွယ် အမျိုးသမီးတွေဟာ ၂ နှစ်ကြာစစ်မှုထမ်းရမှာဖြစ်ပါတယ်။
Ref: PM warns Myanmar nationals over illegal entry
#PeopleMedia