• Follow Us on

Home တရားရုံးတက်ရောက်စဉ် ဝန်ကြီးချုပ်ဟောင်းသက်ဆင် အဝါရောင်အင်းကျီဝတ်ဆင်ခဲ့

တရားရုံးတက်ရောက်စဉ် ဝန်ကြီးချုပ်ဟောင်းသက်ဆင် အဝါရောင်အင်းကျီဝတ်ဆင်ခဲ့

Share this post

နိုင်ငံတကာ၊ သြဂုတ် ၂၀

 

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်ဟာ သြဂုတ်လ ၁၉ ရက်နေ့က ကြားနာစစ်ဆေးမှုတစ်ခု တက်ရောက်ဖို့အ တွက် ရာဇဝတ်တရားရုံးကိုရောက်ရှိလာစဉ် “အဝါရောင်” ရှပ်အင်းကျီတစ်ထည်ကို ဝတ်ဆင်လာပါတယ်။

 

မစ္စတာသက်ဆင် ပြည်ပြေးဘဝ ၂၀၁၅ ခုနှစ်က တောင်ကိုရီးယားနိုင်ငံမှာ ရောက်ရှိနေစဉ် မီဒီယာအင်တာဗျူး တစ်ခုမှာ ဘုရင်စနစ်နဲ့ပတ်သက်ပြီး ဖြေကြားခဲ့ရာမှာ ဥပဒေချိုးဖောက်တယ်ဆိုတဲ့စွဲချက်နဲ့ ကြားနာစစ်ဆေးခံဖို့ အခုလို တရားရုံးတက်ရောက်ခဲ့ရတာဖြစ်ပါတယ်။

 

အဝါရောက်အင်းကျီဝတ်ဆင်ခြင်းအားဖြင့် သတင်းစကားတစ်ခုခုကို သယ်ဆောင်လာတာလားဆိုတဲ့ မီဒီယာရဲ့ မေးမြန်းမှုကို သက်ဆင်က ဘာမှပြန်မဖြေဘဲ တရားရုံးအပေါ်ထပ် အခန်းကိုသာ တက်သွားပါတယ်။

 

အဝါရောင်အင်းကျီဟာ ဘုရင်စနစ်ကိုလိုလားတဲ့ ဘုရင့်စနစ်ထောက်ခံသူတွေ ဝတ်ဆင်လေ့ရှိတဲ့ အင်းကျီဖြစ်ပါ တယ်။

 

သက်ဆင်ကို ဇွန်လ ၁၈ ရက်နေ့မှာ ရာဇဝတ်တရားရုံးမှာ စွဲချက်တင်ခဲ့ရာမှာ ပထမစွဲချက်ကတော့ ဘုရင်စနစ် ကိုကာကွယ်ထားတဲ့ နာမည်ကျော်ပုဒ်မ ၁၁၂ ကို ချိုးဖောက်ခဲ့တယ်ဆိုတဲ့စွဲချက်ဖြစ်ပြီး ဒုတိယစွဲချက်ကတော့ ညီမဖြစ်သူ အဲဒီအချိန်က ဝန်ကြီးချုပ် ယဉ်လတ်ရှင်နာဝပ်ကို စစ်တပ်က အာဏာသိမ်းဖြုတ်ချလိုက်တဲ့အ ကြောင်းကို တောင်ကိုရီးယား ချိုဆန်မီဒီယာနဲ့ အင်တာဗျူးခဲ့စဉ် ကွန်ပျူတာရာဇဝတ်မှုအက်ဥပဒေကို ချိုးဖောက် ခဲ့တယ်ဆိုတဲ့ စွဲချက်ဖြစ်ပါတယ်။

 

သက်ဆင်ဟာ ၎င်းမှာအပြစ်မရှိကြောင်း လျှောက်လဲချက်တင်ပြီး အာမခံရရှိထားသူဖြစ်ပါတယ်။

 

အစိုးရရှေ့နေတွေတင်ပြထားတဲ့ သက်သေအထောက်အထားစာရင်းကို ပြန်လည်စိစစ်ပြီး ကြားနာစစ်ဆေးနိုင် ရေး တရားရုံးတက်ရောက်ဖို့ သက်ဆင်ကို ရာဇဝတ်တရားရုံးက ဆင့်ခေါ်ထားတဲ့အတွက် အခုလို တက်ရောက် လာခဲ့တာဖြစ်ပါတယ်။

 

အဝါရောင်ရှပ်အင်းကျီပေါ်မှာ အနက်ရောင်ဂျာကင်ဝတ်ထားပြီး မနက် ၈ နာရီ ၅၃ မိနစ်မှာ ရောက်ရှိလာတဲ့ သက်ဆင်နဲ့အတူ တရားရုံးကြားနာပွဲကိုတက်ရောက်မယ့် ရှေ့နေ ခြောက်ဦး/ခုနစ်ဦးပါတဲ့ ၎င်းရဲ့ရှေ့နေအဖွဲ့ တစ်ဖွဲ့လည်း လိုက်ပါလာပါတယ်။

 

အာဏာသိမ်းခဲ့တဲ့သူက အာဏာပိုမိုခိုင်မြဲအောင်နဲ့ အတိုက်အခံတွေကို နှုတ်ပိတ်ဖို့အတွက် ကြိုးပမ်းတဲ့အနေနဲ့ ၎င်းကို စွဲချက်တင်ထားတဲ့ အခုအမှုကို တရားရုံးကိုတင်ပြခဲ့တာဖြစ်လို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မှုမရှိကြောင်း တရားရုံးအပေါ်ထပ်ကို မတက်ခင် သက်ဆင်က ပြောပါတယ်။

 

တနင်္လာနေ့က တရားရုံးမှာ မြို့တော်ရဲတပ်ဖွဲ့ဝင်တွေ အင်အားဖြည့်တင်းကာ လုံခြုံရေးတင်းကျပ်ထားပြီး သတင်းထောက်တွေနဲ့ သက်ဆင်ထောက်ခံသူတွေကို တရားရုံးအဆောင်အဦထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။

 

Ref: Thaksin dons yellow shirt for court appearance

 

#PeopleMedia


Share this post